နေ့ရောညပါခြင်တွေအကိုက်ခံရတာကြောင့် အနာတွေပါဖြစ်နေရတဲ့အခြေအနေကိုပြသလာတဲ့ တော်လှန်ရေးရဲဘော်တစ်ဦး

//s9.kh1.co/c1/c1024b3e6ee05f3778a3a0d7e725fbfcbf10bed2.jpg
နေ့စဉ်သတင်းများ

 ၁၆-စက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေတွေကြောင့်လူငယ်တော်တော်များများဟာ အာဏာရှင်ကိုတွန်းလှန်နိုင်ဖို့အတွက် လွတ်မြောက်နယ်မြေမှာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပူးပေါင်းပြီး စစ်သင်တန်းတွေတက်ရောက်ကာ အသက်စွန့်ကြိုးစား တိုက်ပွဲဝင်နေကြတာ ဖြစ်ပါတယ်။ လက်ရှိမှာလည်း တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေပြီး လွတ်မြောက်နယ်မြေမှာ PDF လူငယ်တွေအနေနဲ့ အခက်အခဲတွေများစွာကို အားတင်းရင်ဆိုင်ကာ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်နေကြတာပါ။

Photo credit-Original Uploader
Photo credit-Original Uploader

PDF ရဲဘော်တွေအနေနဲ့လည်း တောထဲတောင်ထဲတွေမှာ ခက်ခက်ခဲခဲစစ်ပညာသင်ယူနေကြရပြီး လိုအပ်ချက်တွေအများအပြားရှိတာကြောင့် ပြည်သူတွေအနေနဲ့လည်း တတ်နိုင်သရွေ့ကူညီလှူဒါန်းမှုတွေ ပြုလုပ်ပေးနေတာဖြစ်ပါတယ်။ PDFရဲဘော်တွေအနေနဲ့လည်း ပြည်သူတွေထောက်ပံ့ပေးတဲ့ ရိက္ခာတွေနဲ့ လောက်ငှအောင်စားသောက်ကြပြီး အရေးတော်ပုံကြီးအောင်မြင်ရေးအတွက် ကြိုးစားနေကြတာတွေ့ရပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

တောထဲတောင်ထဲမှာ စစ်ပညာသင်ယူနေရတာကြောင့် အခက်အခဲတွေများစွာရှိပြီး ခြင်တွေ

လည်း နေ့ရောညပါအကိုက်ခံနေရတာဖြစ်ပါတယ် ။ ခြင်ကိုက်ခံရတာများလွန်းတာကြောင့် ရဲဘော်တွေမှာလည်း အဖုတွေနဲ့အနာတွေ ရစရာမရှိအောင်ဖြစ်နေပြီး တော်လှန်ရေးကြီးပြီးသွားရင်တောင် သူတို့ကိုမမှတ်မိနိုင်ဖြစ်နိုင်ကြောင်း ရေးသားထားတာလည်းတွေ့ရပါတယ် ။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

သတင်း အရင်းအမြစ်Chit Zaw Zaw's Facebook acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T