ကိုယ့်ကျန်းမာရေးတောင်မငဲ့ဘဲ ပရဟိတအလုပ်တွေလုပ်နေတဲ့ စက်စက်ယိုဆရာတော်ဘုရားကြီးထံ အောက်ဆီဂျင်အိုးနဲ့ လိုအပ်တာတွေလှူဒါန်းခဲ့တဲ့ နှလုံးလှဆရာဝန်လေး

//s9.kh1.co/b3/b38bd9cddec55f2b7febe7ea8162aaa8ac4e93ff.jpeg
နေ့စဉ်သတင်းများ

 ၁၆-စက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

..

ပရဟိတအလုပ်တွေနဲ့ အများအကျိုးပြုနေကြတဲ့ ပြည်သူတွေတော်တော်များများ အခုလိုကပ်ရောဂါကာလကြီးမှာလည်း ကိုယ်ကျိုးမဖက်ဘဲ တတ်နိုင်တဲ့ဘက်ကနေ ကြိုးစားလုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။ စက်စက်ယိုဆရာတော်ဘုရားကြီးဟာလည်း သက်တော် ကြီးရင့်နေပေမယ့်လည်း အများအတွက်ဆိုတဲ့စိတ်နဲ့ ပရဟိတအလုပ်တွေကို တစိုက်မတ်မတ်လုပ်ဆောင်နေတာ တွေ့ရပါတယ်။

Photo Credit - Minn Ko's Fb Acc
Photo Credit - Minn Ko's Fb Acc

လတ်တလောမှာတော့ ဘုန်းဘုန်းကျောင်းမှာ ရဟန်းသံဃာတွေနဲ့ သက်ကြီးဘိုးဘွားတွေအတွက်လိုအပ်နေတဲ့ အောက်ဆီဂျင်အိုးနဲ့ အခြားအသုံးအဆောင်ပစ္စည်းတွေကို စေတနာရှင်တစ်ဦးကလှူဒါန်းမှုတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဆင်းရဲနွမ်းပါးပြည်သူတွေနဲ့ သက်ကြီးအဖိုးအဖွားတွေအပြင် တောထဲတရားအားထုတ်နေတဲ့ သံဃာတော်တွေအတွက် နယ်လှည့်ဆေးကုသပေးနေတဲ့ နှလုံးလှဆရာဝန်လေးက လှူဒါန်းကူညီခဲ့တာ ဖြစ်ပါတယ်။ 

Photo Credit - Minn Ko's Fb Acc
Photo Credit - Minn Ko's Fb Acc
Photo Credit - Minn Ko's Fb Acc
Photo Credit - Minn Ko's Fb Acc

ဆရာဝန်လေးက မွန်မြတ်လွန်းတဲ့ သူ့ရဲ့အလှူလေးတွေကိုလည်း ပြည်သူတွေသာဓုခေါ်ကုသိုလ်ယူနိုင်ဖို့အတွက်ကိုလည်း ဝေမျှထားတာ ဖြစ်ပါတယ်။ ဆရာတော်သက်တော်ရှည်ပြီး သာသနာ့အကျိုး အများအကျိုးတွေကို ဒီ့ထက်မက သယ်ပိုးနိုင်စေဖို့ကိုလည်း ဆုတောင်းမေတ္တာပို့သထားပါသေးတယ်။ 

Photo Credit - Minn Ko's Fb Acc
Photo Credit - Minn Ko's Fb Acc

သတင်း အရင်းအမြစ်Minn Ko's Fb Acc


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T