ကမ္ဘာ့လွှမ်းမိုးမှုအရှိဆုံးသူအဖြစ် Time မဂ္ဂဇင်းမှာ ဖော်ပြခြင်းခံရတဲ့ ကချင်လူမျိုး Esther Ze Naw ရဲ့အကြောင်း

//s9.kh1.co/01/01c4d85e9324347bc2a6db1f1ac39466dc46d4e4.jpg
နေ့စဉ်သတင်းများ

 ၁၆-စက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

Time မဂ္ဂဇင်းကရွေးချယ်တဲ့ ၂၀၂၁နှစ်အတွင်း ကမ္ဘာ့လွှမ်းမိုးမှုအရှိဆုံးလူ အယောက် (၁၀၀) စာရင်းမှာ မြန်မာအမျိုးသမီး သုံးဦးပါ၀င်လာခဲ့ပါတယ်။ ၎င်းတို့သုံးဦးကတော့ မြန်မာနိုင်ငံနွေဦးတော်လှန်ရေးလှုပ်ရှားမှုပါ၀င်သူ Esther Ze Naw နဲ့ ဒု၀န်ကြီး အိသဉ္ဇာမောင်၊ NASAက မားစ်ဂြိုလ်ပေါ်သို့ လေ့လာရေးယာဉ်လွှတ်တင်ချိန်မှာ ဦးဆောင်ခဲ့သူ မြန်မာနွယ်ဖွား Mi Mi Aung တို့ပဲဖြစ်ကြပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

ဒု၀န်ကြီး အိသဉ္ဇာမောင်ရဲ့အကြောင်းကို ရှေ့မှာဖော်ပြခဲ့ပြီးဖြစ်တာကြောင့် ဒီတစ်ခါမှာတော့ ကချင်လူမျိုး Esther Ze Naw ရဲ့အကြောင်းကို လက်လှမ်းမီသလောက် ဖော်ပြပေးချင်ပါတယ် ။ သူမဟာ ၁၈နှစ်ကျောင်းသူအရွယ်လေးတည်းက တရုတ်နယ်စပ် ကချင်စစ်ဘေးရှောင်စခန်းတွေကို ခဲရာခဲဆစ်လာရောက်ပြီး စာလာသင်ပေးတတ်သူဖြစ်ပါတယ် ။ Candle Light Library ဆိုတဲ့ စာကြည့်တိုက်တွေလည်းထောင်ကာ စာအုပ်တွေမရောက်ရောက်အောင် သယ်ပေးပြီး ကြိုးစားခဲ့တဲ့သူလည်းဖြစ်တယ်လို့သိရပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader

သူမဟာ လက်ရှိမှာဆိုရင်လည်း လွတ်မြောက်နယ်မြေတစ်ခုမှာ စစ်ပညာပါသင်ယူနေပြီး ဖယ်ဒရယ်ဒီမိုကရေစီအရေးအတွက် အစွမ်းကုန်ကြိုးစားပါ၀င်နေတာလည်းဖြစ်ပါတယ် ။ အသက် (၃၀)တောင်မပြည့်သေးတဲ့ နုနုနယ်နယ်အမျိုးသမီးလေးတစ်ယောက်ရဲ့ စွမ်းဆောင်မှုတွေက အင်မတန်လေးစားစရာပါ။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

သတင်း အရင်းအမြစ်Myanmarload

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T