မိခင်ရဲ့မွေးနေ့လေးမှာ ပျော်ရွှင်သွားအောင်လို့ မိသားစုဝင်တွေနဲ့အတူ ကိတ်မုန့်လေးခွဲပြီး အမှတ်တရလက်ဆောင်လည်းပေးခဲ့တဲ့ စူးရှထက်

//s9.kh1.co/ff/ffb7b9811170380b82596fdd99b314b4bf42a2ff.jpeg
အနုပညာရှင်များ

 ၁၆-စက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

မိခင်ရဲ့မွေးနေ့လေးမှာ ပျော်ရွှင်သွားအောင်လို့ မိသားစုဝင်တွေနဲ့အတူ ကိတ်မုန့်လေးခွဲပြီး အမှတ်တရလက်ဆောင်လည်းပေးခဲ့တဲ့ စူးရှထက်

မော်ဒယ်တစ်ယောက်အဖြစ်ရပ်တည်ရင်း ပရိသတ်တွေကို ပိုင်ဆိုင်လာတဲ့ စူးရှထက်ကတော့ အခုချိန်မှာ ကိုယ်ပိုင်စီးပွါးရေးလေးအဖြစ် Fashion ဆိုင်လေးကိုဖွင့်လှစ်ထားတာဖြစ်ပါတယ်။စူးရှထက်က ရိုးရိုးသားသားရှာဖွေထားတဲ့ငွေကြေးထဲမှ တချို့တစ်ဝက်ကို အလှူအတန်းတွေလုပ်ဆောင်နေတာဖြစ်ပါတယ်။သူမကလည်း တစ်ခြားသူအပေါ်ကိုယ်ချင်းစာနာတတ်တာကြောင့် လမ်းသွားလမ်းလာရင်းနဲ့တောင် ကူညီပေးခဲ့တာဖြစ်ပါတယ်။

Photo Credit:Zar Chi Htay’s Fb acc
Photo Credit:Zar Chi Htay’s Fb acc
Photo Credit:Zar Chi Htay’s Fb acc
Photo Credit:Zar Chi Htay’s Fb acc
Photo Credit:Zar Chi Htay’s Fb acc
Photo Credit:Zar Chi Htay’s Fb acc

ဒါ့အပြင် စူးရှထက်က သူမရဲ့မိသားစုကို ရှာဖွေကျွေးမွေးနေပြီး မိခင်ကိုလည်းစိတ်ချမ်းသာအောင်ထားပေးတာဖြစ်ပါတယ်။ဒီနေ့မှာဆိုရင်လည်း မိခင်ရဲ့မွေးနေ့လေးဖြစ်လို့ စူးရှထက်က မိသားစုဝင်တွေနဲ့အတူ အမှတ်တရလေးဖြစ်အောင် မွေးနေ့ကိတ်ခွဲပေးလိုက်ပါတယ်။နောက်ထပ်လည်း မွေးနေ့လက်ဆောင်အဖြစ် လက်စွပ်တစ်ကွင်းကိုပေးခဲ့သေးတာဖြစ်ပါတယ်။စူးရှထက်ရဲ့မိခင်ကတော့ သမီးလေးရဲ့သိတတ်မှုကြောင့် ပြုံးပျော်ရွှင်နေတာပဲဖြစ်ပါတယ်။

Photo Credit:Zar Chi Htay’s Fb acc
Photo Credit:Zar Chi Htay’s Fb acc
Photo Credit:Zar Chi Htay’s Fb acc
Photo Credit:Zar Chi Htay’s Fb acc

စူးရှထက်တို့မိသားစုလေးက အေးအေးချမ်းချမ်းနဲ့ရှာဖွေစားသောက်နေပြီး အလှူအတန်းဆိုလည်း တတ်နိုင်သလောက်ကို အမြဲလုပ်ဆောင်တာဖြစ်ပါတယ်။စူးရှထက်ကတော့ သူမရဲ့မိခင်အတွက် "Happy birthday ပါမေမေရေ အသက်ရှည်ရှည်နေပေးပါသမီးတို့နဲ့ ပုံတွေတင်ပြီ မချစ်ပြတတ်ပေမယ့် အဖေအမေညီအစ်က်ိုမောင်နှမတွေအတွက်အမြဲထာဝရ အားက်ိုးရတဲ့သူအဖြစ်နဲ့ အရာရာဖြည့်စည်းပေးနိုင်ဖို့ ကြိုးစားနေပါတယ်အမေ" ဆိုပြီးအမှတ်တရပုံရိပ်လေးတွေနဲ့အတူ ရေးသားမျှဝေလာတာပဲဖြစ်ပါတယ်။

Photo Credit:Zar Chi Htay’s Fb acc
Photo Credit:Zar Chi Htay’s Fb acc
Photo Credit:Zar Chi Htay’s Fb acc
Photo Credit:Zar Chi Htay’s Fb acc
Photo Credit:Zar Chi Htay’s Fb acc
Photo Credit:Zar Chi Htay’s Fb acc

Source&Photo Credit:Zar Chi Htay’s Fb acc

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T