ATM စက်တွင်ငွေလာထုတ်ရင်း WY ဆေးပြားများ ကျန်ရစ်ခဲ့သူကို ပစ္စည်းများပြန်လာယူရန် ရဲတပ်ဖွဲ့ကြေညာ

//s9.kh1.co/4a/4af703d7e91eb46221b9518866a63c079a7a25a3.png
နေ့စဉ်သတင်းများ

 ၁၆-စက်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

..

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်ရှိ ATM စက်တွင် ငွေလာထုတ်သည့် လူငယ်တစ်ဦးမှာ ငွေထုတ်ယူပြီးနောက် စက်ပေါ်တွင် အပြာရောင်အထုပ်တစ်ထုပ်ကျန်ရစ်ခဲ့သည်ကို CCTV မှတ်တမ်းအရတွေ့ရှိရပြီး ထိုအပြာရောင်အထုပ်ထဲတွင် WY စိတ်ကြွရူးသွပ်ဆေးပြား (၄၀) ခန့်တွေ့ရသဖြင့် မေ့ကျန်ပစ္စည်း ပြန်လာယူရန် တုန်ဖဖွန်ရဲစခန်းက “ ပစ္စည်းမေ့ကျန်ခဲ့သည်ကို တွေ့ရပါသဖြင့် ပြန်လာယူပါရန် ” ဟုရေးသားကာ ကြေညာထားခဲ့ပါတယ်။

Photo Credit - Tachileik News Agency 's FB Acc
Photo Credit - Tachileik News Agency 's FB Acc

ငွေလာရောက်ထုတ်ယူသူဟာ အပေါ်ကအနွေးထည်လိုအဝတ်မျိုးဝတ်ဆင်ထားပြီး အောက်ပိုင်းမှာတော့ ဒူးအတိဘောင်းဘီအတိုကိုဝတ်ထားခဲ့ပါတယ်။ မျက်နှာကို Mask အုပ်ထားတာကြောင့် ဘယ်သူဘယ်ဝါ ဆိုတာကို အတိအကျမသိခဲ့ရပါဘူး။ ကျန်ရစ်ခဲ့တဲ့ ပစ္စည်းတွေကို သက်ဆိုင်ရာကသိမ်းဆည်းထားပြီး ပိုင်ရှင်ပြန်လာယူဖို့အတွက် ကြေညာချက်ထုတ်ခဲ့ပါတယ်။ အခုလိုတရားမဝင်ပစ္စည်းတစ်ခုကို ကျန်ရစ်ခဲ့တဲ့အချိန်မှာ ဘယ်သူမဆို အန္တရာယ်တွေကြားထဲဖြတ်ပြီး ပြန်ယူမှာမဟုတ်ပါဘူး။

Photo Credit - Tachileik News Agency 's FB Acc
Photo Credit - Tachileik News Agency 's FB Acc

ထိုင်းရဲတပ်ဖွဲ့အနေနဲ့ ဒီလိုကြေညာချက်ထုတ်တဲ့အပေါ်မှာ ပြည်သူတွေက သဘောတကျနဲ့ ရယ်မောပြီး မှတ်ချက်တွေပေးခဲ့ကြပါတယ်။ ကျန်ခဲ့သူကတော့ ပြန်လာမယူဘူးဆိုတာ အသေအချာပါပဲ။ ငွေထုတ်ရင်းနဲ့ မူးယစ်ဆေးဝါးတွေကို ATM စက်ပေါ်မှာကျန်ခဲ့တယ်ဆိုတာ တွေးကြည့်ရင် ရယ်စရာတောင် ကောင်းနေပါတယ်။ လက်ရှိအချိန်ထိတော့ ကျန်ရစ်ခဲ့သူကို ဖမ်းဆီးနိုင်ခြင်းမရှိသေးဘဲ ကြေညာချက်လည်း ဆက်လက်ထုတ်ပြန်ထားဆဲပါ။

Photo Credit - Tachileik News Agency 's FB Acc
Photo Credit - Tachileik News Agency 's FB Acc

သတင်း အရင်းအမြစ်Tachileik News Agency 's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T