ခက်ခဲနေတဲ့ ကာလမှာ ပြည်သူတွေအတွက် တတ်နိုင်တဲ့ နေရာကနေ မွန်မြတ်သော အလှူလေးတစ်ခု ပြုလုပ်ပေးခဲ့တဲ့ စူးရှထက်

//s9.kh1.co/9b/9bc2391ddf8a0d538c35ffc08d33fb4d3e30bdd1.jpeg
အနုပညာရှင်များ

 ၁၆-စက်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

......

စူးရှထက်ကတော့ ခုလို အခြေအနေတွေ မှာ ပြည်သူတွေနဲ့ အတူ ရပ်တည်ခဲ့သလို လိုအပ်တဲ့ နေရာတွေမှာလည်း တတ်နိုင်သလောက် အစွမ်းကုန် လှူဒါန်းမှုတွေ ပြုလုပ်လျက်ရှိပါတယ် ။  သူမကိုယ်တိုင်လည်း ဝင်ငွေမရှိတဲ့ ကာလဖြစ်နေပေမယ့် ရှာဖွေစုဆောင်းထားတဲ့ ချွေးနှဲစာနဲ့ တတ်နိုင်သလောက်တော့ အလှူအတန်းတွေကို ပြုလုပ်ပေးနေသူပဲ ဖြစ်ပါတယ်။ 

 Photo Credit : Zar Chi Facebook Account
 Photo Credit : Zar Chi Facebook Account

ဒါ့အပြင် ဘုရားတရားလည်း ကိုင်းရှိုင်းသလို မိဘကိုလည်း ကျွေးမွေးပြုစုစောင့်ရှောက်နေတာကို လေးစားစွာ တွေ့ရပါတယ်။ အခုလည်း ကာလဒါန အလှူလေးအဖြစ် ခက်ခဲနေတဲ့ ပြည်သူများအတွက် အဆင်ပြေစေရန် ရည်ရွယ်ပြီး ဟင်းသီးဟင်းရွက်များကို သူမရဲ့ ဆိုင်အရှေ့မှာ လူတန်းစားမရွေး ပေးဝေ လှူဒါန်းခဲ့ပါတယ် ။

 Photo Credit : Zar Chi Facebook Account
 Photo Credit : Zar Chi Facebook Account

ဒီလို လှူဒါန်းနေတဲ့ ပုံရိပ်တွေကိုလည်း Live လွှင့်ပြသခဲ့တာကိုတွေ့ရပါတယ် ။ လာရောက် ယူဆောင်ကြသူတွေလည်း များပြားလျက်ရှိတာကို ဗီဒီယိုထဲမှာတွေ့ရမှာပါ ။ ဒီလို ကျပ်တည်းနေတဲ့ ကာလမှာ နည်းသည် များသည် ပဓာန မထားဘဲ စာနာစိတ် အပြည့်နဲ့ လှူဒါန်းဝေဌပေးနေတာ တကယ် မွန်မြတ်လှပါတယ် ။ ပရိသတ်ကြီးအတွက် စူးရှထက်ရဲ့ အလှူလေးကို ဝေမျှပေးလိုက်ပါတယ် ။

Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T