ပြည်သူအချင်းချင်း ဖေးမကူညီပေးဖို့အတွက် လိုသူယူ၊ပိုသူလှူ အစီအစဉ်လေးကို ပြုလုပ်ခဲ့ကြတဲ့ ချင်းပြည်နယ် တီးတိန်က လူငယ်များ

//s9.kh1.co/66/667cdd453763744c6d96112e891f8790175cd43d.jpeg
နေ့စဉ်သတင်းများ

 ၁၆-စက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

......

ခုကာလတွေမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ပြည်သူအချင်းချင်း မကြည့်ရက်လို့ ကိုယ်တတ်နိုင်တဲ့ နေရာတွေကနေ ကူညီဖေးမလျက်ရှိကြပါတယ် ။ အခြေခံ လက်လုပ်လက်စား ပြည်သူတွေဆိုရင် ဒီလို အခြေအနေတွေမှာ အလုပ်တွေလည်း ရှားပါးနေတာကြောင့် စားဝတ်နေရေးအတွက် အတော်လေး အကျပ်တွေ့နေပြီး ခက်ခဲစွာ ရင်ဆိုင် ဖြေရှင်းနေကြရပါတယ် ။

Photo Credit : Original Uploader 
Photo Credit : Original Uploader 
Photo Credit : Original Uploader 
Photo Credit : Original Uploader 

ယခုလို အခြေအေနေဆိုးတွေကို မကြည့်ရက်တဲ့ စေတနာရှင် ပြည်သူတွေ ၊ ပရဟိတ အသင်းတွေက တတ်နိုင်သလောက် လှူဒါန်းမှုတွေ ပြုလုပ်ပေးလျက်ရှိပါတယ် ။ လတ်တလောမှာဆိုရင် မြန်မာပြည်အနယ်နယ်၊အရပ်ရပ်မှာ“လိုလျှင်ယူ၊ပိုလျှင်လှူ” အစီအစဉ်လေးကိုဆောင်ရွက်နေကြတာ တွေ့ရပါ တယ်။ ဒီအစီအစဉ်လေးမှာဆိုရင် ဟင်းသီးဟင်းရွက်၊သားငါးတွေအပြင် အခြေခံစားသောက်ကုန်တွေကိုပါ တတ်နိုင်တဲ့ ပြည်သူတွေက လှူဒါန်းကြတာဖြစ်ပါတယ်။

Photo Credit : Original Uploader 
Photo Credit : Original Uploader 
Photo Credit : Original Uploader 
Photo Credit : Original Uploader 

အခုလည်း ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ အထက်ဇိုဇန်ကျေးရွာရှိ လူငယ်များ စုပေါင်းပြီး " လိုသူယူ ၊ ပိုသူလှူ " ဆိုတဲ့ အစီအစဉ်လေးကို ပြုလုပ်ခဲ့ကြပါတယ် ။ လာရောက်ယူဆောင်ကြသူတွေလည်း များစွာရှိပြီး ခဏတာပဲဖြစ်ဖြစ် အဆင်ပြေသွားကြရင်ကို ပီတိဖြစ်စရာလေးပါပဲ ။ ပရိသတ်ကြီး အတွက် ဒီအလှူလေးကို ပြန်လည်ဝေမျှပေးရင်း မြန်မာပြည်ကြီး အေးချမ်းပါစေလို့ ဆုတောင်းပေးလိုက်ပါရစေ ။

Photo Credit : Original Uploader 
Photo Credit : Original Uploader 
Photo Credit : Original Uploader 
Photo Credit : Original Uploader 
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T