သူငယ်ချင်းပြေတီဦးကို အိမ်မက်မက်ပြီး အိမ်မက်ထဲကအတိုင်း အပြင်မှာဖြစ်ချင်မိကြောင်း ဖွင့်ဟလာတဲ့ ညီနန္ဒ

//s9.kh1.co/d8/d80c8c8e414bbf18b2a7ebdce6941c686c6c4f92.jpg
အနုပညာရှင်များ

 ၁၆-စက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

မြန်မာနိုင်ငံရဲ့ နွေဦးတော်လှန်ရေးကြီးမှာ အမှန်တရားကို လိုလားကြတဲ့ ပြည်သူတွေနဲ့အတူ အနုပညာရှင် များစွာကလည်း ပူးပေါင်းပါဝင်ကာ အစွမ်းကုန် ရပ်တည်ပေးခဲ့ကြပါတယ်။ အခုလိုရပ်တည်ချက်တွေကြောင့် ၅၀၅(က)နဲ့ အရေးယူခံရပြီးရှောင်ပုန်းနေရသူတွေရှိသလို ဖမ်းဆီးခံထားရတဲ့ အနုပညာရှင်တွေလည်းရှိနေပြီး လွတ်မြောက်နယ်မြေရောက်ရှိနေကြတဲ့ အနုပညာရှင်တွေလည်း ရှိလာနေတာတွေ့ရပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader

ဖမ်းဆီးခံထားရတဲ့ အနုပညာရှင်တွေထဲမှာဆိုရင် ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ဇနီးမောင်နှံနှစ်ဦးလည်းပါ၀င်ပြီး (၅)လနီးပါးရှိနေပြီဖြစ်ပါတယ်။ အနုပညာအသိုင်းအဝိုင်းကသူတွေနဲ့ ပရိသတ်တွေကလည်း သူတို့နှစ်ဦးကိုအမြန်ဆုံးပြန်လည်လွတ်မြောက်စေချင်ကြပြီး ချစ်ရတဲ့မိသားစုလေးနဲ့အတူ ပြန်မြင်ချင်ကြတာပါ။ ပြေတီဦးရဲ့ မိတ်ဆွေတစ်ဦးဖြစ်တဲ့ ညီနန္ဒကလည်း ပြေတီဦးကို သတိရမိနေရင်း အိမ်မက် မက်တဲ့အကြောင်းလေးပြောလာပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

ညီနန္ဒကလည်း ၅၀၅(က) နဲ့အမှုဖွင့်ခံထားရတာကြောင့် ရှောင်တိမ်းနေရတာဖြစ်ပြီး သူငယ်ချင်းပြေတီဦးနဲ့အတူ Gym အတူတူကစားနေတဲ့အကြောင်း အိမ်မက်မက်တာကြောင့် အိမ်မက်အတိုင်း အမြန်ဆုံးဖြစ်လာစေဖို့ဆုတောင်းမိကြောင်း သူ့ရဲ့ Facebookစာမျက်နှာမှာ ရေးသားလာပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

သတင်း အရင်းအမြစ်Nyi Nanda's Facebook acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T