ဖိအားတွေကြောင့် ရောင်းချခဲ့ရကြောင်း တယ်လီနော ထုတ်ပြန်

//s9.kh1.co/22/22e7b0099854f13ca0d0b86b3d3a1d8a3d74c79a.jpeg
နေ့စဉ်သတင်းများ

 ၁၆-စက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

မြန်မာနိုင်ငံမှာ ကြားဖြတ်ထောက်လှမ်းစောင့်ကြည့်ရေး နည်းပညာကို အသက်သွင်းဖို့ …..

နော်ဝေဆက်သွယ်ရေးကုမ္ပဏီ တယ်လီနောဟာ မြန်မာနိုင်ငံမှာ ကြားဖြတ်ထောက်လှမ်းစောင့်ကြည့်ရေး နည်းပညာကို အသက်သွင်းဖို့ မြန်မာအာဏာပိုင်တွေက ဖိအားပေးမှုများကြောင့် တယ်လီနောမြန်မာကို ရောင်းချလိုက်ခြင်းဖြစ်ကြောင်း ၂၀၂၁ ခုနှစ် စက်တင်ဘာလ (၁၅) ရက်နေ့တွင် အာရှဆိုင်ရာ တာဝန်ရှိသူ ကထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

Photo Credit : Google 
Photo Credit : Google 

တယ်လီနောမြန်မာအနေနဲ့ ကြားဖြတ်ထောက်လှမ်းစောင့်ကြည့်ရေး နည်းပညာကို စက်တင်ဘာလ (၁၅) ရက်နေ့အထိ လုပ်ဆောင်ခြင်းမရှိသော်လည်း ယခုထုတ်ပြန်ချက်ထုတ် ထွက်လာပြီးနောက်ပိုင်း အခြေအနေကို ပြောကြားနိုင်ခြင်းမရှိကြောင်း နော်ဝေအခြေစိုက် တယ်လီနောကုမ္ပဏီက ထုတ်ပြန်ထားပါတယ်။ 

တယ်လီနောဟာ မြန်မာနိုင်ငံမှာရှိတဲ့ သူ့ရဲ့လုပ်ငန်းစုကို အမေရိကန် ဒေါ်လာ ၁၀၅ သန်းဖြင့် လက်ဘနွန် ရင်းနှီးမြှုပ်နှံရေးအုပ်စုဖြစ်သည့် M1 Group သို့ရောင်းချလို့ ဇူလိုင်လအတွင်းက ကြေညာခဲ့ပါတယ်။ ထိုသို့ရောင်းချတာဟာ တယ်လီနောကုမ္ပဏီ ဘုတ်အဖွဲ့ရဲ့ ဆုံးဖြတ်ချက်သာဖြစ်တယ်လို့ ဆိုပါတယ်။

Photo Credit : REUTERS/MARKO DJURICA
Photo Credit : REUTERS/MARKO DJURICA

မြန်မာနိုင်ငံမှာ MPT၊ Telenor၊ Ooredoo နှင့် Mytel ဆက်သွယ်ရေးလိုင်းများ ဝန်ဆောင်မှုပေးနေသော်လည်း ကြားဖြတ်ထောက်လှမ်းစောင့်ကြည့်ရေး နည်းပညာနဲ့ပတ်သက်ပြီး Telenor က ပထမဆုံး ထုတ်ပြန်လာခြင်းဖြစ်ပါတယ်။ 

Photo Credit : Google 
Photo Credit : Google 
Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T