ရွာသားတချို့ သေဆုံးခဲ့ရတဲ့အပြင် ကျေးရွာထဲက ပြည်သူပိုင်ပစ္စည်းများကို စုပုံပြီး မီးရှို့ဖျက်စီးခံခဲ့ရတဲ့ မြိုင်မြို့နယ်ကဖြစ်ရပ်

//s9.kh1.co/07/07cd814d7adfa0f21a16b6965aaf5c8fa0ea12a2.jpg
နေ့စဉ်သတင်းများ

 ၁၆-စက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

လတ်တလော မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းအတွင်းက မြို့နယ်တွေမှာ ဒေသခံပြည်သူတွေနဲ့ အာဏာရှင်လူတစ်စုရဲ့ လက်အောက်ခံတပ်တွေအကြား နှစ်ဖက်တင်းမာမှုတွေရှိနေတာ ဖြစ်ပါတယ်။ တချို့မြို့နယ်တွေမှာဆိုရင် လူသေဆုံးမှုတွေရှိတဲ့အပြင် နေအိမ်များပါ မီးရှို့ဖျက်စီးခံရတာတွေလည်း ရှိလာခဲ့ပါတယ်။ ဒီလို နှစ်ဖက်တင်းမာမှုတွေကြောင့် ကျေးရွာအတွင်းက ဒေသခံပြည်သူအများအပြားဟာ ထွက်ပြေးတိမ်းရှောင်နေခဲ့ရပါတယ်။

Photo Credit - MKM
Photo Credit - MKM
Photo Credit - MKM
Photo Credit - MKM
Photo Credit - MKM
Photo Credit - MKM

စတင်ဘာလ (၁၄)ရက်နေ့က မကွေးတိုင်း၊ မြိုင်မြို့နယ်၊ အေးချမ်းသာ စံပြကျေးရွာကို အာဏာရှင်လူတစ်စုက ဝင်ရောက်စီးနင်းခဲ့ကြောင်း သိရပါတယ်။ အဲ့လိုဝင်ရောက် စီးနင်းခြင်းမှာ ဒေသခံပြည်သူတချို့ သေဆုံးခဲ့ရသလို ဖမ်းဆီးခံရတာတွေလည်း ရှိခဲ့ပါတယ်။ ဒါ့အပြင် ကျေးရွာအတွင်းက ပြည်သူတွေပိုင်တဲ့ ကားတစ်စီးအပါအဝင် ဆိုင်ကယ်အများအပြားကို စုပုံပြီး မီးရှို့ဖျက်စီးခဲ့တာ တွေ့ရပါတယ်။

Photo Credit - MKM
Photo Credit - MKM
Photo Credit - MKM
Photo Credit - MKM

ဒါ့အပြင် အနီးအနားရှိ နေအိမ်တချို့ပါ ဝင်ရောက်ဖျက်စီးခံရတာတွေလည်း ရှိခဲ့ပါတယ်။ လက်ရှိအချိန်အထိ အေးချမ်းသာ စံပြကျေးရွာက ဒေသခံပြည်သူများဟာ ထွက်ပြေးနေရဆဲဖြစ်ပါတယ်။ အာဏာရှင်လူတစ်စုကတော့ အဆိုပါ အေးချမ်းသာ စံပြကျေးရွာရဲ့ အနီးအနားဝန်းကျင် ကျေးရွာများမှာ တပ်စွဲပြီး ဆက်လက် ရှိနေကြောင်း သိရပါတယ်။

Photo Credit - MKM
Photo Credit - MKM
Photo Credit - MKM
Photo Credit - MKM
Photo Credit - MKM
Photo Credit - MKM

သတင်း အရင်းအမြစ်Source - MKM

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T