မကြာမီဖြစ်လာနိုင်ခြေရှိတဲ့ မုန်တိုင်းသတင်းနှင့်ပတ်သက်ပြီး ပါမောက္ခဒေါက်တာ ဦးထွန်းလွင်က လွန်ခဲ့တဲ့ နှစ်ဆယ့်ငါးမိနစ်ခန့်က ယခုလိုထုတ်ပြန်ခဲ့ပါတယ်။

ဧရာဝတီတိုင်းမှ ဦးဦး၊ ဒေါ်ဒေါ်၊ ကိုကို မမ တို့ရေ

အမေရိကန် ဟာဝိုင်ယီ မုန်တိုင်းဗဟို ဌာနမှ သတင်းကောင်းဗျို့

မုန်တိုင်းဟာမြန်မာနိုင်ငံမှဝေးရာ အိန္ဒိယဖက်ကိုတောင် ပြန်စရွေ့နေပါပြီ

၂၃-၁၀-၂၀၁၆

ည(ရး၂၅)နာရီ။

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်းဟာ(၂၃-၁၀-၂၀၁၆)ရက် ညနေ(၃)နာရီခွဲအချိန် တိုင်းတာချက်များအရ အိန္ဒိယနိုင်ငံ KOLKATA မြို့ရဲ့ တောင်အနောက်ယွန်းယွန်း 485 km(၃၉၁ မိုင် )အကွာ မူလတည်နေရာ 15.0°N, 92.1°E မှ အနောက်မြောက်ဖက်သို ရွေ့လာကာ 15.3N 91.9E သို့ ပြောင်းရွှေ့ဗဟိုပြုနေပါတယ်။

ကမ္ဘာလုံးဆိုင်ရာ သချင်္ာမော်ဒယ်လ်များရဲ့တွက်ချက်မှုအရ မုန်တိုင်းငယ်ဟာနောက်(၂)ရက်အတွင်းတွင် အနောက် (သို့မဟုတ်) အနောက်မြောက်ဖက်သို့ဆက်လက် ရွေ့လျှားလိမ့်မယ်လို့ ခန့် မှန်းရပါတယ်။ ထို့အပြင် မုန်တိုင်းဟာဆက်လက်ပြီး တဖြေးဖြေးပိုမိုအားကောင်းလာမယ်လို့

ခန့်မှန်းရပါတယ်။ နောက်တစ်ဆင့် ဆိုင်ကလုန်းမုန်တိုင်းဖြစ်ဖို့အလားအလာများဟာလည်း မူလ အသင့်အတင့်အဆင့် မှ ယခု မြင့်မား သောအ ဆင့်သို့ တိုးမြင့်လာပြီဖြစ်ပါတယ်။

Source: JTWC ABI010 PGTW 120900

ဒေါက်တာထွန်းလွင်

ဒေါက်တာက ဒီလိုပြောတော့ စိုးရိမ်စရာသိပ်မရှိတော့ပေမယ့် သတိလေးထားပြီးနေကြပါလို့....

Anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။