မြေဖြူကိုင်ရမယ့်အစား သေနတ်ကိုင်ပြီး ရဲရဲရင့်ရင့်တိုက်ပွဲဝင်ရင်း တိုင်းပြည်အတွက် အသက်ပေးသွားခဲ့ရတဲ့ ဒီမော့ဆိုက ကျောင်းဆရာလေးတစ်ဦး

//s9.kh1.co/3f/3f0885511c69fb426c57f71460c4102c54d5de05.jpg
နေ့စဉ်သတင်းများ

 ၁၄-စက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

မြေဖြူကိုင်ရမယ့်အစား သေနတ်ကိုင်ပြီး ရဲရဲရင့်ရင့်တိုက်ပွဲဝင်ရင်း တိုင်းပြည်အတွက် အသက်ပေးသွားခဲ့ရတဲ့ ဒီမော့ဆိုက ကျောင်းဆရာလေးတစ်ဦး

နိုင်ငံတော်ကို အရေးပေါ်အခြေအနေအဖြစ် ကြေညာလိုက်တဲ့ နောက်ပိုင်း မြန်မာနိုင်ငံရဲ့ နေရာအချို့မှာ တိုက်ပွဲတွေဖြစ်ပွားနေခဲ့ပါတယ်။ တိုက်ပွဲတွေကြောင့် နေရပ်တွေကိုစွန့်ခွာထွက်ပြေးနေတဲ့ စစ်ဘေးရှောင်ပြည်သူတွေလည်း ပိုမိုများပြားလာနေပြီး အဆိုပါစစ်ဘေးရှောင်တွေဟာ အခက်အခဲတွေ အများအပြား ရင်ဆိုင်နေရပါတယ် ။ ယနေ့စက်တင်ဘာလ (၁၄)ရက်နေ့မှာတော့ ကယားပြည်နယ်၊ ဒီမော့ဆိုနှင့် ဖရူဆိုကြားရှိ ကဒါးလားကျေးရွာအနီးမှာ တိုက်ပွဲတွေ ပြင်းထန်စွာဖြစ်ပွားခဲ့ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder

ကဒါးလားကျေးရွာအနီးမှာ ဖြစ်ပွားတဲ့ အဆိုပါတိုက်ပွဲကြောင့် နှစ်ဖက်ကျဆုံးမှုတွေရှိခဲ့ပြီး ဒီမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် နှစ်ဦး ကျဆုံးသွားကြောင်း သိရှိရပါတယ်။ တိုင်းပြည်အတွက် ရဲရဲရင့်ရင့်နဲ့ တိုက်ပွဲဝင်ရင်း ကျဆုံးသွားတဲ့ အဆိုပါလူငယ်နှစ်ဦးထဲက တစ်ဦးဟာ ကျောင်းဆရာ ဖြစ်တယ်လို့ သိရှိရပါတယ်။ ကျောင်းသွားပြီး စာသင်ရမှာဖြစ်ပေမယ့် အဆိုပါကျောင်းဆရာလေးဟာ အာဏာရှင်ကို မလိုလားကြောင်း သပိတ်မှောက်ခဲ့ပြီး ဆန္ဒပြပွဲတွေမှာ တက်ကြွစွာပါဝင်ခဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder

လက်နက်ကိုင်ပြီး တိုက်ပွဲဝင်ရမယ့်အချိန်ရောက်တော့လည်း အဆိုပါကျောင်းဆရာလေးက မြေဖြူကိုင်ရမယ့်အစား သေနတ်ကိုင်ပြီး စွမ်းစွမ်းတမံတိုက်ပွဲဝင်ရင်း ရှေ့တန်းစစ်​မျက်နှာပြင်မှာ အသက်ပေးသွားခဲ့ရပါတယ်။ တိုင်းပြည်အတွက် အသက်ပေးသွားတဲ့ အဆိုပါကျောင်းဆရာလေးအတွက် ပြည်သူတွေက အလွန်စိတ်မကောင်းဖြစ်ပြီး ဝမ်းနည်းနေကြပါတယ်။ နွေဦးတော်လှန်ရေးအောင်မြင်ဖို့အစွမ်းကုန်ကြိုးစားရင်း အသက်ပေးလိုက်ရတဲ့ ဒီမော့ဆိုက ကျောင်းဆရာလေးတစ်ဦးရဲ့ ပုံရိပ်တွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source : Original Uploder

Photo Credit: Original Uploder
Photo Credit: Original Uploder
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T