မွေးနေ့လေးကို လွတ်မြောက်နယ်မြေတစ်ခုမှာဖြတ်သန်းရင်း ကွဲကွာနေတဲ့မိသားစုတွေနဲ့အမြန်ဆုံးပြန်ဆုံနိုင်ဖို့ ဆုတောင်းနေတဲ့ PDFရဲဘော်လေး

//s9.kh1.co/40/40aeec98f049c0bcc7e7c936346f21b757174a17.jpg
နေ့စဉ်သတင်းများ

 ၁၄-စက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

ရှစ်လကျော်ကြာမြင့်လာပြီဖြစ်တဲ့ တော်လှန်ရေးကာလရှည်ကြီးမှာ ပြည်သူအားလုံးရော PDF လူငယ်တွေရော အင်တိုက်အားတိုက်ကြိုးပမ်းနေကြတာဖြစ်ပါတယ်။ D Day ကြေငြာလိုက်သည့်နေ့ကစကာ တိုက်ပွဲတွေကလည်း ဆက်တိုက်ပြင်းထန်နေပြီး မြို့ပေါ်နေရာအနှံ့မှာလည်း ပေါက်ကွဲမှုတွေနဲ့ တာဝါတိုင်ဖောက်ခွဲမှုတွေဖြစ်ပေါ်နေကာ တစ်ဖက်ကလည်း ပြင်းပြင်းထန်ထန် ပစ်ခတ်နှိမ်နှင်းမှုတွေပြုလုပ်နေတာဖြစ်ပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader

PDF ရဲဘော်တွေအနေနဲ့လည်း တောထဲတောင်ထဲတွေမှာ ခက်ခက်ခဲခဲစစ်ပညာသင်ယူနေကြရပြီး လိုအပ်ချက်တွေအများအပြားရှိတာကြောင့် ပြည်သူတွေအနေနဲ့လည်း တတ်နိုင်သရွေ့ကူညီလှူဒါန်းမှုတွေ ပြုလုပ်ပေးနေတာဖြစ်ပါတယ်။ PDFရဲဘော်တွေအနေနဲ့လည်း ပြည်သူတွေထောက်ပံ့ပေးတဲ့ ရိက္ခာတွေနဲ့ လောက်ငှအောင်စားသောက်ကြပြီး အရေးတော်ပုံကြီးအောင်မြင်ရေးအတွက် ကြိုးစားနေကြတာတွေ့ရပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

PDF ရဲဘော်လေးတွေဟာ မိသားစုသံယောဇဉ်တွေ အကုန်ဖြတ်တောက်ကာ တော်လှန်ရေးအတွက် ကြိုးစားနေကြတာဖြစ်ပြီး မကြာသေးမီကလည်း PDFတစ်ဦးဟာ သူ့ရဲ့မွေးနေ့လေးကို တပ်စခန်းတစ်ခုထဲမှာဖြတ်သန်းရင်း ကွဲကွာနေတဲ့ မိသားစုတွေနဲ့အမြန်ပြန်ဆုံနိုင်ပြီး ကုလသမဂ္ဂအစည်းအဝေးကြီးမှာလည်း ပြည်သူတွေမျှော်လင့်တဲ့ အဖြေတစ်ခုရနိုင်ဖို့မျှော်လင့်ကြောင်း ဆုတောင်းထားပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader

သတင်း အရင်းအမြစ်Htet Nay Win's Facebook acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T