အသစ်တီထွင်လိုက်တဲ့ တာဝေးပစ် ခရုစ်ဒုံးကျည်များ စမ်းသပ်ပစ်လွှတ်မှု အောင်မြင်ကြောင်း ထုတ်ပြန်လာတဲ့ မြောက်ကိုရီးယား

//s9.kh1.co/f1/f1f51a61fec53f55622df8a88dec69c5cda30113.jpg
နေ့စဉ်သတင်းများ

 ၁၃-စက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

မြောက်ကိုရီးယားက စက်တင်ဘာ (၁၁) ရက်နှင့် (၁၂) ရက်များမှာ အသစ်တီထွင်ထုတ်လုပ်တဲ့ တာဝေးပစ်ခရုစ်ဒုံးကျည်များ စမ်းသပ်ပစ်လွှတ်ရာ အောင်မြင်မှုရရှိကြောင်း မြောက်ကိုရီးယားဗဟိုသတင်းအေဂျင်စီ (KCNA) သတင်းဌာနက စက်တင်ဘာ (၁၃) ရက်တွင် ဖော်ပြလာခဲ့ပါတယ်။ အဆိုပါ စမ်းသပ်မှုများအရ ဒုံးကျည်များဟာ (၂)နာရီကျော် ပျံသန်းနိုင်ပြီး ကီလိုမီတာ ၁၅၀၀ (မိုင် ၉၃၀) အကွာအဝေးကပစ်မှတ်ကို အောင်မြင်စွာပစ်နိုင်ခဲ့ကြောင်း KCNA ကဆိုထားပါတယ်။

Photo Credit - CNN
Photo Credit - CNN

အသစ်သုတေသန ပြုထုတ်လုပ်ထားသော တာဘိုင်လေမှုတ် စက်အင်ဂျင်ရဲ့တွန်းအား စသည့် စံချိန်စံညွှန်းများ၊ ဒုံးကျည်ပျံသန်းမှုထိန်းချုပ်နိုင်စွမ်း နှင့် အဆုံးသတ်လမ်းညွှန် တိကျမှန်ကန်နိုင်စွမ်းအားလုံးဟာ ဒီဇိုင်းရေးဆွဲထားမှုနှင့် အပြည့်အဝ ကိုက်ညီကြောင်း စမ်းသပ်ပစ်လွှတ်မှုရလဒ်များတွင် ဖော်ပြထားခဲ့ပါတယ်။ အရာရှိများက ယင်းဒုံးကျည်အား နိုင်ငံ့ကာကွယ်ရေးအတွက် မဟာဗျူဟာမြောက်လက်နက်တစ်ခုလို့လည်း ဆိုထားပါတယ်။

Photo Credit - CNN
Photo Credit - CNN

၎င်းလက်နက်များဟာ မြောက်ကိုရီးယား အစိုးရအား ပိုမိုယုံကြည်စိတ်ချစေရေး နှင့် မြောက်ကိုရီးယားအား ရန်လိုသောစစ်အင်အားများကို အပြင်းအထန်ပါ၀င်သည့် နောက်ထပ်ထိရောက်သော အဟန့်အတားတစ်ခု ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ US ရှိ Carnegie Endowment for International Peace မှအကြီးတန်းလုပ်ဖော်ကိုင်ဖက် Ankit Panda ကတော့ "ဒါက မြောက်ကိုရီးယားအတွက် ပထမဆုံးသော ခရုဇ်ဒုံးကျည်ကို ဗျူဟာမြောက်အခန်းကဏ္ဍတစ်ခုအဖြစ် တိတိကျကျသတ်မှတ်ခံရလိမ့်မယ်" ဟုပြောကြားခဲ့ပါတယ်။

Photo Credit - CNN
Photo Credit - CNN

သတင်း အရင်းအမြစ်Source - CNN

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T