ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ လက်မခံနိုင်တဲ့စွပ်စွဲချက်တွေနဲ့ ဝေဖန်တိုက်ခိုက်မှုတွေကို ဝမ်းနည်းစွာရင်ဖွင့်လာတဲ့ ဆောင်းယွန်းစံ

//s9.kh1.co/99/99b4fe3e55622e0c5d0290fafcdfd15ee1f5ee5e.jpeg
အနုပညာရှင်များ

 ၁၃-စက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

..

သရုပ်ဆောင်မင်းသမီးချော ဆောင်းယွန်းစံကတော့ လက်ရှိမှာ စားဝတ်နေရေးခက်ခဲနေတဲ့ ပြည်သူတွေနဲ့ လိုအပ်နေတဲ့နေရာတွေကို လှူဒါန်းမှုတွေ ပြုလုပ်နေသူပဲ ဖြစ်ပါတယ်။

အခုလိုစီးပွားရေးကြပ်တည်းနေချိန်မှာ တတ်နိုင်တဲ့ဘက်ကနေ မကြာခဏလှူဒါန်းမှုတွေ ပြုလုပ်ပေးနေပေမယ့်လည်း ဝေဖန်တိုက်ခိုက်မှုတွေ ကြုံတွေ့နေရတာ တွေ့ရပါတယ်။

Photo Credit - Saung Yoon San's Fb Acc
Photo Credit - Saung Yoon San's Fb Acc
Photo Credit - Saung Yoon San's Fb Acc
Photo Credit - Saung Yoon San's Fb Acc

ဆောင်းယွန်းစံကတော့ ပြီးခဲ့တဲ့ရက်ပိုင်းက ဘားအံမြို့ရှိ တောင်တန်းသာသနာပြုဆရာတော်အတွက် လိုအပ်သော ဆန်၊ ဆီ၊ ကြက်သွန် စားသောက်ကုန်တွေနဲ့ အလှူငွေများ လှုဒါန်းပေးခဲ့ပါတယ်။ သူမရဲ့အဆိုပါအလှူလေးနဲ့ ပတ်သက်ပြီး ပရိသတ်တချိုရဲ့ ဝေဖန်တိုက်ခိုက်မှုတွေရှိခဲ့တာကြောင့် သူမအနေနဲ့ စိတ်မကောင်းဝမ်းနည်းနေရကြောင်း ရင်ဖွင့်ပြောပြလာတာ ဖြစ်ပါတယ်။

Photo Credit - Saung Yoon San's Fb Acc
Photo Credit - Saung Yoon San's Fb Acc
Photo Credit - Saung Yoon San's Fb Acc
Photo Credit - Saung Yoon San's Fb Acc

ဆောင်းယွန်းစံကတော့ ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ လက်မခံနိုင်တဲ့စွပ်စွဲချက်တွေနဲ့ ဝေဖန်တိုက်ခိုက်မှုတွေ ကြုံတွေ့နေရတဲ့အတွက် ပြန်လည်ဖြေရှင်းပြောပြထားတာလည်း တွေ့ရပါတယ်။ စိတ်မကောင်းဖြစ်နေရသလို သူမဘက်က အပြစ်ဖြစ်သွားခဲ့ရင်လည်း တောင်းပန်ထားကာ အဲ့ဒီပို့စ်ရဲ့အောက်မှာတော့ ပရိသတ်တွေက အားပေးစကားတွေ ပြောထားကြတာ တွေ့ရပါတယ်။ 

Photo Credit - Saung Yoon San's Fb Acc
Photo Credit - Saung Yoon San's Fb Acc

သတင်း အရင်းအမြစ်Saung Yoon San's Fb Acc


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T