ခက်ခဲကြမ်းတမ်းလွန်းတဲ့ အတားအဆီးတွေကြားမှာ ပင်ပင်ပန်းပန်း စစ်ရေးလေ့ကျင့်နေကြတဲ့ PDF လူငယ်လေးတွေရဲ့ ဗီဒီယို

//s9.kh1.co/34/340372bd4feb4f34075d76bcdd40107cda02ae43.png
နေ့စဉ်သတင်းများ

 ၁၃-စက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

..

စစ်ပွဲတစ်ပွဲအောင်နိုင်ဖို့ဆိုတာ လေ့ကျင့်မှုနဲ့ တိုက်ရည်ခိုက်ရည်ဟာလည်း အတော်လေးကို အရေးကြီးပါတယ်။ ကြိုတင်ပြင်ဆင်မှုမရှိဘဲ ဘယ်လိုအရာမျိုးကိုမှ အလွယ်တကူမလုပ်နိုင်ကြပါဘူး။ ဒီနေ့မှာလည်း လွတ်မြောက်နယ်မြေတစ်နေရာမှာ စစ်ရေးလေ့ကျင့်နေကြတဲ့ PDF လူငယ်လေးတွေရဲ့ ဗီဒီယိုဟာ လူမှုကွန်ယက်မှာ ပျံ့နှံ့လာခဲ့ပါတယ်။ အခိုင်အခန့်လုပ်ထားတဲ့ အတားအဆီတွေကို အကြိမ်ကြိမ်အခါခါ ကျော်ဖြတ်ပြီး လေ့ကျင့်နေတဲ့ပုံတွေဟာ ကြည့်နေတဲ့သူတောင် ပင်ပန်းရတဲ့အထိပါပဲ။

Photo Credit - Ye Min's FB Ac
Photo Credit - Ye Min's FB Ac

ဘေးနားက စောင့်ကြည့်ပေးသူဟာလည်း လေ့ကျင့်နေသူတွေကို ဂရုစိုက်ဖို့ တဖွဖွမှာရင်း တပ်သားတွေ အပေါ်မှာ စေတနာမေတ္တာထားကာ ကြိုးစားလေ့ကျင့်ပေးနေခဲ့ပါတယ်။ လွတ်မြောက်နယ်မြေမှာ စစ်ပညာတွေသင်ယူပြီး မြို့ပြပြောက်ကျားတိုက်ပွဲတွေမှာ ပါဝင်ဆင်နွှဲကြတဲ့ PDF လူငယ်တွေဟာ ပြည်သူတစ်ရပ်လုံးရဲ့ မျှော်လင့်ချက်တွေကို အသက်နဲ့ရင်းပြီးယူပေးကြမယ့်သူတွေမို့ ပြည်သူတွေကလည်း သူတို့အတွက် ထောက်ပံ့မှုတွေ မရပ်မနားလုပ်ပေးနေခဲ့ကြပါတယ်။

Photo Credit - Ye Min's FB Ac
Photo Credit - Ye Min's FB Ac

ဒီနေ့မှာလည်း ပင်ပင်ပန်းပန်းစစ်ရေးလေ့ကျင့်နေတဲ့ လူငယ်လေးတွေရဲ့ဗီဒီယိုကိုကြည့်ရှုပြီး ပြည်သူအများဟာ PDF လေးတွေ ကျန်းမာချမ်းသာစေဖို့နဲ့ ဘေးကင်းကြစေဖို့ဆုတောင်းတဲ့ မှတ်ချက်တွေအများအပြားပေးခဲ့ကြပါတယ်။ လွတ်မြောက်နယ်မြေတစ်နေရာမှာ အပြင်းအထန် ကြိုးစားနေတဲ့ လူငယ်လေးတစ်ချို့ရဲ့ လှုပ်ရှားမှုမှတ်တမ်းတွေကို ပရိသတ်ကြီးအတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T