ဘုန်းကြီးကျောင်းအတွင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့တာကြောင့် ကျောင်းထိုင်ဘုန်းကြီးနဲ့ မယ်သီလရှင်များ ဖမ်းဆီးခံလိုက်ရတဲ့ ဖြစ်ရပ်

//s9.kh1.co/da/da46e48add300af4d74939f064356da53dde0cbe.jpeg
နေ့စဉ်သတင်းများ

 ၁၃-စက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

..

စက်တင်ဘာလ(၁၂)ရက်နေ့ ညနေ(၆)နာရီဝန်းကျင်ခန့် အချိန်လောက်က ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အမှတ် (၂)ရပ်ကွက်၊ အရှေ့ငဝန်ကျွန်းသာ၊ ဇေယျသိဒ္ဓိကျောင်းတိုက် ဝန်းအတွင်းရှိအဆောင်တစ်ခုအတွင်းမှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။ ပေါက်ကွဲမှုဖြစ်ပွားရာသို့ စကစတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး ကျောင်းတိုက်အတွင်း ရှာဖွေမှုတွေပြုလုပ်နေခဲ့ကာ ကျောင်းထိုင်ဘုန်းကြီးနဲ့ ကိုရင်လေးတွေအပြင် ကျောင်းမှာနေထိုင်တဲ့ မယ်သီလရှင်များကို ဖမ်းဆီးသွားပြီး ပုသိမ်မြို့ရဲစခန်းမှာ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

Photo Credit - Original Uploader
Photo Credit - Original Uploader

ပေါက်ကွဲမှုဖြစ်ပွားရာနေရာမှာ သွေးကွက်တွေ တွေ့ရပြီး မျက်နှာကျက်လည်း နည်းနည်းထိခိုက်သွားကာ PVC ပိုက်အနည်းငယ်တွေ့တာကြောင့် ထိခိုက်သူဟာ ဒဏ်ရာပြင်းထန်စွာ ရရှိသွားတာ သေချာတယ်လို့ သုံးသပ်ရှာဖွေမှုတွေ ပြုလုပ်နေကြတာ ဖြစ်ပါတယ်။ဘုန်းကြီးကျောင်းမှာ ပေါက်ကွဲခဲ့တဲ့ဗုံးဟာ ဖောက်ခွဲခဲ့တာမျိုးမဟုတ်ဘဲ ထပေါက်ခဲ့တာဖြစ်ပြီး ဒဏ်ရာအပြင်းအထန်ရရှိခဲ့တဲ့ အမျိုးသားတစ်ဦးကိုလည်း ဖမ်းဆီးရမိသွားတယ်လို့ သိရပါတယ်။

Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader

ဗုံးပေါက်ကွဲခဲ့တဲ့အချိန်မှာ မြို့ပြပျောက်ကြားတော်လှန်ရေးတပ်ဖွဲ့(ပုသိမ်)က အဖွဲ့ဝင်(၄) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပေမယ့် အားလုံးဖမ်းဆီးမခံရဘဲ လွတ်မြောက်အောင်ရှောင်တိမ်းနိုင်ခဲ့တယ်လို့ သိရပါတယ်။ ဗုံးပေါက်ကွဲတဲ့ ဖြစ်စဥ်နဲ့ပတ်သက်ပြီး ဆရာတော်တွေ ကိုရင်တွေနဲ့ မယ်သီလရှင် ဆရာလေးတွေ ဖမ်းဆီးခံရတဲ့အပေါ် မိမိတို့တပ်ဖွဲ့အနေနဲ့ များစွာစိတ်မကောင်းဖြစ်မိတယ်လို့ မြို့ပြပျောက်ကြားတော်လှန်ရေးတပ်ဖွဲ့(ပုသိမ်)မှ တာဝန်ရှိသူ တစ်ဦးက ပြောပြလာပါတယ်။

Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T