ရင်ဆိုင်ရတဲ့ခက်ခဲမှုတွေနဲ့ ဝမ်းနည်းအားငယ်မှုတွေကို သီချင်းစပ်ပြီး ဆွေးဆွေးလေး သီဆိုခဲ့ကြတဲ့ PDF လူငယ်လေးတွေရဲ့ဗီဒီယို

//s9.kh1.co/79/7904be5ff726c8b8d8412172690a5e2e3ce650f6.png
နေ့စဉ်သတင်းများ

 ၁၃-စက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

..

ရှစ်လကျော်ကြာမြင့်လာပြီဖြစ်တဲ့ တော်လှန်ရေးကာလရှည်ကြီးမှာ ပြည်သူအားလုံးရော PDF လူငယ်တွေအပြင် CDM ဝန်ထမ်းတွေလည်း အတော်ကိုပင်ပန်းနေခဲ့တာ အားလုံးအမြင်ပါပဲ။ တောထဲမှာ ငတ်တစ်လှည့် ပြတ်တစ်လှည့်နဲ့ မရှိရှိတာလေးရှာကြံစားပြီး မသေထမင်း မသေဟင်းကိုဟာ မှီဝဲနေရတဲ့ သူတို့ရဲ့ခက်ခဲတဲ့အခြေအနေတွေကို PDF လေးဟာ မကြာခဏဆိုသလို လူမှုကွန်ယက်မှာ ဝေမျှပေးခဲ့တာမို့ ပြည်သူတွေဟာ ဂရုဏာသက်ပြီး လှူဒါန်းပေးမှုတွေရှိခဲ့ကြပါတယ်။

Photo Credit - ဗိုလ်နဂါး's FB Acc
Photo Credit - ဗိုလ်နဂါး's FB Acc

လူငယ်တိုင်းမှာ စိတ်ကူးအိပ်မက်နဲ့အနာဂတ်တွေရှိပေမယ့် မတရားမှုတွေကြုံလာတဲ့အချိန်မှာ အရာအားလုံးကိုကျောခိုင်းပြီး လက်နက်ကိုင်တိုက်ပွဲဝင်ဖို့တောထဲကို ထွက်သွားခဲ့ကြတာ မနည်းမနောပါပဲ။ ဒီနေ့မှာလည်း သီချင်းဆိုဝါသနာပါပြီး အဆိုကောင်းတဲ့ PDF လူငယ်လေးတစ်ယောက်ဟာ သူ့ရဲ့အဖွဲ့သားတွေနဲ့အတူ လက်ရှိရင်ဆိုင်နေရတဲ့ အခက်အခဲတွေနဲ့ သူတို့ရဲ့ရည်မှန်းချက်ကို သီချင်းလေးရေးဖွဲ့ကာ သီဆိုခဲ့ကြပါတယ်။

Photo Credit - ဗိုလ်နဂါး's FB Acc
Photo Credit - ဗိုလ်နဂါး's FB Acc

ခံစားချက်အပြည့်နဲ့ ဆွေးဆွေးမြေ့မြေ့သီဆိုနေတဲ့ လူငယ်လေးတွေရဲ့ ဗီဒီယိုဟာ မြင်သူတိုင်းအတွက် စိတ်မကောင်းဖြစ်စေမှာအသေအချာပါပဲ။ မိသားစုရဲ့နွေးထွေးတဲ့ အရိပ်အမြုံကိုခွဲခွာပြီး ဒုက္ခတွေကြားထဲမှာ ပင်ပန်းဆင်းရဲခံနေရတဲ့ အခြေအနေတွေမှာ တစ်ခါတစ်ရံစိတ်အပန်းဖြေတဲ့အနေနဲ့ ဝါသနာပါတာလေးတွေ လုပ်ရင်း ခံစားချက်တွေ သီကျူးနေတဲ့ ဗီဒီယိုလေးကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။

သတင်း အရင်းအမြစ်ဗိုလ်နဂါး's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T