ချို့တဲ့တဲ့ အိမ်ထောင်စုတွေအတွက်တတ်နိုင်တဲ့ဘက်လေးကနေ စုပေါင်းပြီးကူညီပေးခဲ့တဲ့ လူရွှင်တော်မိုးစက်

//s9.kh1.co/73/735334ac74b967d98292de7af52327d777f66943.jpg
အနုပညာရှင်များ

 ၁၃-စက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

လူရွှင်တော်မိုးစက်ဟာ လတ်တလောမှာ အကြောင်းအမျိုးမျိုးကြောင့် စားဝတ်နေရေးအတွက် အခက်အခဲဖြစ်နေတဲ့ အနုပညာသမားတွေကို တစ်ဖက်တစ်လမ်းကနေ ကူညီလှူဒါန်းမှုတွေ ပြုလုပ်ပေးနေတာကြောင့် ပရိသတ်အားပေးချစ်ခင်နေကြတဲ့ အနုပညာရှင်လေးဖြစ်ပါတယ်။ မိုးစက်ဟာ ကိုယ်တိုင်လည်းရရှိတဲ့အနုပညာကြေးလေးတွေစုပေါင်းပြီး လှူဒါန်းသလို အများစုပေါင်းအလှူတွေမှာလည်း လုပ်အားဒါနတွေကူညီလေ့ရှိသူပါ ။

Photo credit-Moe Sat's Facebook acc
Photo credit-Moe Sat's Facebook acc
Photo credit-Moe Sat's Facebook acc
Photo credit-Moe Sat's Facebook acc

မိုးစက်ဟာ တက်သစ်စဟာသလူရွှင်တော်လေးဖြစ်ပေမယ့် သက်ကြီးရွယ်အိုလူရွှင်တော်ကြီးတွေအတွက်လည်း လှူဒါန်းပူဇော်မှုတွေပြုလုပ်ပေးနေပြီး တတ်နိုင်သလောက်အလှူတွေခံပေးကာ ကူညီဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။ အခုအခါမှာဆိုရင်လည်း လူရွှင်တော်မိုးစက်ဟာ ချို့တဲ့တဲ့ အိမ်ထောင်စု (၁၀၀)စာအတွက် စားနပ်ရိက္ခာတွေ ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းပေးနေတာဖြစ်ပါတယ်။

Photo credit-Moe Sat's Facebook acc
Photo credit-Moe Sat's Facebook acc
Photo credit-Moe Sat's Facebook acc
Photo credit-Moe Sat's Facebook acc

မိုးစက်ဟာ အမျိုးသမီးလစဉ်သုံးပစ္စည်းတွေပါမကျန် လိုအပ်တာမှန်သမျှ ကိုယ်တိုင်ကိုယ်ကျ၀ယ်ယူကာ အလှူရှင်တွေရဲ့ စုပေါင်းအလှူလေးနဲ့အတူ သွားရောက်‌‌ပြီး ကူညီပေးခဲ့တာဖြစ်ပါတယ်။ ချို့တဲ့နေရတဲ့ အချိန်မှာအခုလိုကူညီပေးကြတဲ့ အလှူရှင်တွေကြောင့် ပြည်သူတွေလည်း၀မ်းသာပျော်ရွှင်နေကြတာကို တွေ့ရပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo credit-Moe Sat's Facebook acc
Photo credit-Moe Sat's Facebook acc

သတင်း အရင်းအမြစ်Moe Sat's Facebook acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T