အားကစားကွင်းရဲ့အပေါ်ထပ်အမြင့်ကနေ ရုတ်တရက်ပြုတ်ကျလာတဲ့ ကြောင်လေးကြောင့် အထိတ်တလန့်ဖြစ်ခဲ့ရတဲ့ ပွဲကြည့်ပရိသတ်တွေရဲ့ဗီဒီယိုဖိုင်

//s9.kh1.co/d7/d7e2d65e4892459669773403249e9587fcd92eb9.jpg
နေ့စဉ်သတင်းများ

 ၁၃-စက်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

အားကစားကွင်းရဲ့အပေါ်ထပ်အမြင့်ကနေ ရုတ်တရက်ပြုတ်ကျလာတဲ့ ကြောင်လေးကြောင့် အထိတ်တလန့်ဖြစ်ခဲ့ရတဲ့ ပွဲကြည့်ပရိသတ်တွေရဲ့ဗီဒီယိုဖိုင်

ပြီးခဲ့တဲ့ရက်ပိုင်းက Florida ရှိ Hard Rock အားကစားရုံမှာ ပွဲကျင်းပနေစဥ်အတွင်း ထူးခြားဖြစ်စဥ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ဒါကတော့ အားကစားရုံအပေါ်ထပ် တစ်နေရာကနေ ကြောင်တစ်ကောင်က တွဲလောင်းခိုတဲ့အနေအထားကနေ ရုတ်တရက် ဟန်ချက်ပျက်ပြီး ပြုတ်ကျခဲ့တာ ဖြစ်ပါတယ် ။ လေထဲမှာ တွဲလောင်းဖြစ်နေပြီး ကူရာမဲ့နေတဲ့ ဒီကြောင်လေးကို အားကစားရုံအတွင်းမှာရှိတဲ့ ပွဲကြည့်ပရိသတ်တွေက ကူညီဖို့ကြိုးစားခဲ့ကြတာ ဖြစ်ပါတယ် ။

Photo Credit-Overtime
Photo Credit-Overtime
Photo Credit-Overtime
Photo Credit-Overtime

အပေါ်ထပ်ကလူတွေကလည်း ကြောင်လေးကိုဆွဲတင်ဖို့ ကြိုးစားကြည့်ပေမယ့် လက်လှမ်းမမှီဖြစ်နေတဲ့အချိန်မှာ ရုတ်တရက် ပြုတ်ကျသွားခဲ့တာ ဖြစ်ပါတယ် ။ ဒါပေမဲ့လည်း အောက်ထပ်မှာရှိတဲ့ လူတစ်စုက ပွဲမှာအားပေးဖို့ ယူဆောင်လာတဲ့ အမေရိကန်နိုင်ငံအလံကိုဖြန့်ပြီး အဆင်သင့်စောင့်နေခဲ့တာကြောင့် ဒီကြောင်လေးက အသက်ဘေးက လွတ်မြောက်ခဲ့တာ ဖြစ်ပါတယ် ။ ကြောင်လေးအောက်ကို ဘေးကင်းကင်းနဲ့ ရောက်သွားတဲ့အချိန်မှာတော့ အားကစားရုံထဲက လူအုပ်ကြီးက ဝမ်းသာအားရအော်ဟစ်ပြီး လက်ခုပ်တီးအားပေးခဲ့ကြတာ ဖြစ်ပါတယ် ။

Photo Credit-Overtime
Photo Credit-Overtime
Photo Credit-Overtime
Photo Credit-Overtime

ဒီကြောင်လေးကို မပြုတ်ကျခင်အချိန်ကနေ ပြုတ်ကျသွားတဲ့အချိန်အထိ ရိုက်ကူးထားတဲ့ မှတ်တမ်းဗီဒီယိုတွေကလည်း လူမှုကွန်ယက်စာမျက်နှာထက်မှာ အချိန်တိုအတွင်း  ရေပန်းစားပျံ့နှံ့သွားခဲ့တာ ဖြစ်ပါတယ် ။ တစ်ချို့တွေကလည်း ဒီကြောင်လေးရဲ့အသက်ကို ရတဲ့နည်းနဲ့ ကယ်ပေးခဲ့တဲ့ လူတွေကို ချီးကျူးနေကြတာလည်း ဖြစ်ပါတယ် ။ Hard Rock အားကစားကွင်းရဲ့အပေါ်ထပ်ကနေ ပြုတ်ကျခဲ့ပေမယ့် ပွဲလာပရိသတ်တွေကြောင့် အသက်ဘေးက လွတ်ခဲ့ရတဲ့ကြောင်လေးရဲ့ဗီဒီယိုဖိုင်ကို ပြန်လည်မျှဝေပေးလိုက်ရပါတယ်။

Source & Video Credit-Overtime

Photo Credit-Overtime
Photo Credit-Overtime
Photo Credit-Overtime
Photo Credit-Overtime
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T