လက်ရှိအခြေအနေမှာတော့ တချို့ပြည်သူတွေက တော်လှန်ရေးအတွက် စွန့်လွှတ်အနစ်နာခံထားရတာတောင် အားမလျော့ကြသေးတာဖြစ်ပါတယ်။PDF ရဲဘော်တွေထဲမှာ လူငယ်တွေလည်းပါဝင်သလို လူလတ်ပိုင်းအရွယ်တွေလည်းရှိပါတယ်။PDF ရဲဘော်တွေရဲ့ စားရေးသောက်ရေးကိုလည်း ပြည်သူတွေက တတ်နိုင်သလောက်ပံ့ပိုးပေးနေကြတာဖြစ်ပေမယ့် တချို့နေရာတွေမှာဆိုရင် PDF တွေက ရှိတာလေးနဲ့ရောင့်ရဲတင်းတိမ်စွာစားသောက်နေထိုင်နေရတာပဲဖြစ်ပါတယ်။
အခုဆိုရင်တော့ PDF တွေကို အလှူရှင်တွေက ဆန်၊ငါးသေတ္တာ၊ကြက်သွန်နီ တွေကို ထောက်ပံ့ကူညီပေးလိုက်တာဖြစ်ပါတယ်။ဒီလိုမျိုး ပြည်သူတွေက နောက်ကွယ်ကနေအားဖြည့်ပေးနေကြတာကြောင့် PDF တွေလည်း ပြည်သူ့ဆန်ကိုစားပြီး ပြည်သူတွေကိုကာကွယ်ပေးဖို့ ကြိုးစားနေကြတာဖြစ်ပါတယ်။PDF လူငယ်လေးတွေကတော့ အခုချိန်မှာ အသက်ကိုတောင်စွန့်ထားကြတာဖြစ်လို့ လှူဒါန်းထားတဲ့ရိက္ခာတွေကိုလည်း ချွေတာစားသောက်နေကြတာဖြစ်ပါတယ်။
မိမိရဲ့အိမ်မှာလိုတော့ ပြည့်ပြည့်စုံစုံမနေရပေမယ့် ရောက်တဲ့နေရာမှာ ရဲဘော်တွေအားလုံး အတူတူဒုက္ခခံပြီးအခက်အခဲမျိုးစုံကိုကျော်ဖြတ်နေကြတာဖြစ်ပါတယ်။ပြည်သူတွေလည်း PDF လူငယ်တွေရဲ့ စိတ်ဓာတ်ကိုလေးစားနေကြသလို သူတို့ရဲ့အခက်အခဲတွေကိုလည်း ကိုယ်ချင်းစာနေကြတာဖြစ်ပါတယ်။စားရေးသောက်ရေးအတွက် အလှူရှင်တွေရဲ့ပံ့ပိုးကူညီနေမှုကြောင့် ခွန်အားပြည့်စွာဆက်လက်ရင်ဆိုင်သွားမယ့် PDF ရဲဘော်တွေရဲ့ပုံရိပ်ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။
Source&Photo Credit: Original Uploder