သူ့အတွက်ပြုလုပ်ပေးတဲ့ နယူးယောက်မြို့က ဆန္ဒပြပွဲကို ကိုယ်တိုင်တက်ရောက်ပြီး ပြည်သူတွေနဲ့အတူရပ်တည်ခဲ့တဲ့ ဦးကျော်မိုးထွန်း

//s9.kh1.co/b0/b04f6b440077a4b2b27b606282f9cc5e0b607374.jpeg
နေ့စဉ်သတင်းများ

 ၁၃-စက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

..

ကုလအမြဲတမ်းကိုယ်စားလှယ်အဖြစ် ဆက်လက်တည်ရှိပေးဖို့အတွက် သူ့အတွက် ကျင်းပပြုလုပ်ခဲ့တဲ့ နယူးယောက်မြို့က ဆန္ဒပြပွဲကို သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကိုယ်တိုင်တက်ရောက်ခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ မြန်မာပြည်သူတွေဟာ NUG အမျိုးသားညီညွတ်ရေး အစိုးရသာလျှင် တရားဝင်အစိုးရဖြစ်ကြောင်းနဲ့  သံအမတ်ကြီး ဦးကျော်မိုးထွန်းသာလျှင် ဆက်လက်ပြီး ကုလ အမြဲတမ်းကိုယ်စားလှယ်အဖြစ် ရှိသင့်ကြောင်း ထောက်ခံတဲ့အနေနဲ့ ချီတက်ဆန္ဒထုတ််ဖော််ခဲ့ကြတာ ဖြစ်ပါတယ်။

Photo Credit - Original Uploader
Photo Credit - Original Uploader

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်အရှေ့မှာ ပြုလုပ်ကျင်းပတဲ့ ဆန္ဒပြပွဲကို သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကိုယ်တိုင်လာရောက်ပြီး ပြည်သူလူထုနဲ့ တသားတည်းရပ်တည်ပေးခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ချီတက်ဆန္ဒပြပွဲကို နယူးယောက် ဒီမိုကရေစီလိုလားသူများနဲ့ ပြည်နယ်ပေါင်း (၈)ခုက မြန်မာပြည်ဖွားတိုင်းရင်းသားတွေ လူအင်အား တစ်ထောင်ကျော်လောက် ပူးပေါင်းပါဝင်ခဲ့ကြတယ်လို့လည်း သိရပါတယ်။

Photo Credit - Khin Lay May's Fb Acc
Photo Credit - Khin Lay May's Fb Acc
Photo Credit - Khin Lay May's Fb Acc
Photo Credit - Khin Lay May's Fb Acc

စက်တင်ဘာလ (၁၄) ရက်နေ့မှာ စတင်ပြုလုပ်မယ့် (၇၆) ကြိမ်မြောက် UN အထွေထွေညီလာခံမှာ Credentials Committee ကနေ မြန်မာအမြဲတမ်းကိုယ်စားလှယ်ကို ရွေးချယ်ဆုံးဖြတ်မှာဖြစ်တဲ့အတွက် တရားဝင်ကိုယ်စားပြုမှုရရေးကို ပြည်တွင်းပြည်ပနဲ့ နိုင်ငံအသီးသီးမှာ NUG ထောက်ခံလှုပ်ရှားမှုတွေ ပြုလုပ်နေကြတာပါ။

တော်လှန်ရေး အရေးတော်ပုံကြီးမှာ ပြည်သူတွေက အစွမ်းကုန်ကြိုးစားနေကြသလို ပြည်ပရောက် မြန်မာလူမျိုး တိုင်းရင်းသားတွေကလည်း တတ်နိုင်သလောက် ပါဝင်နေကြတာ တွေ့ရပါတယ်။

Photo Credit - Khin Lay May's Fb Acc
Photo Credit - Khin Lay May's Fb Acc

သတင်း အရင်းအမြစ်Khin Lay May's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T