အစ္စရေးရဲ့ လုံခြုံရေးအမြင့်ဆုံးထောင်မှာ ထောင်ဖောက်ပြေးမှု ဖြစ်ပွား

//s9.kh1.co/3e/3ef017ccacb35eeef1cd731c6f559b113a13e166.jpg
နေ့စဉ်သတင်းများ

 ၁၃-စက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

ပြီးခဲ့တဲ့ရက်ပိုင်းက အစ္စရေးနိုင်ငံရဲ့ လုံခြုံရေးအမြင့်ဆုံးထောင်မှာ ထောင်ဖောက်ထွက်ပြေးမှု ဖြစ်ပေါ်ခဲ့ပါတယ်။

ထောင်ဖောက်ထွက်ပြေးခဲ့တာကတော့ ဖမ်းဆီးခံထားရတဲ့ ပါလက်စတိုင်း စစ်သွေးကြွ ၆ ဦးဖြစ်တယ်လို့ သိရပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/e5/e517bfbf41316a2ed2141c016437dbf7a18deab7.jpg

သူတို့ ၆ ဦးဟာ အစ္စရေးတွေကို သေအောင်တိုက်ခိုက်ခဲ့တဲ့ သံသယနဲ့ ဖမ်းဆီးခံထားရသူတွေ ပဲ ဖြစ်ပါတယ်။

၆ ဦးထဲက တစ်ဦးကတော့ စစ်ဦးစီးမှူးဟောင်းဖြစ်ပြီး ကျန်တဲ့သူတွေကတော့ အစ္စလာမစ် ဂျီဟတ်အဖွဲ့ဝင်တွေ ဖြစ်တယ်လို့လည်း သိရပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/78/78ec16e4e68c7789f8c20b0e140696f3944a913e.jpg

သူတို့ ၆ ဦးဟာ ထောင်ကြမ်းပြင်ရဲ့ အပေါက်ကနေတစ်ဆင့် ထောင်ဖောက်ထွက်ပြေးခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အစ္စရေးစစ်တပ်က ထွက်ပြေးသူတွေထဲက ၄ ယောက်ကို ပြန်လည်ဖမ်းဆီးနိုင်ခဲ့ပြီး ၂ ယောက်ကတော့ လွတ်မြောက်နေဆဲပဲ ဖြစ်ပါတယ်။

Reuters

https://s9.kh1.co/__image/w=650,h=366,q=100/bd/bd54697a755e278dabaa371835a56c3dbdb52dd5.jpg
https://s9.kh1.co/__image/w=650,h=366,q=100/20/20bce9f153232eaf3a5119b0cbcf4605144bbb05.jpg

သတင်း အရင်းအမြစ်Reuters



Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T