New York ပွဲမှာတင် မြန်မာနိုင်ငံအတွက် ရန်ပုံငွေဒေါ်လာ ရှစ်သောင်းနီးပါးရရှိခဲ့တဲ့ ဝမ်းသာစရာသတင်းကို ပြောပြလာတဲ့ ဆောင်းဦးလှိုင်

//s9.kh1.co/d6/d695ca91947764246c8a409be58cf634005ac061.jpg
အနုပညာရှင်များ

 ၁၃-စက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

New York ပွဲမှာတင် မြန်မာနိုင်ငံအတွက် ရန်ပုံငွေဒေါ်လာ ရှစ်သောင်းနီးပါးရရှိခဲ့တဲ့ ဝမ်းသာစရာသတင်းကို ပြောပြလာတဲ့ ဆောင်းဦးလှိုင်

နာမည်ကြီး တေးရေး၊တေးဆိုတစ်ဦးဖြစ်တဲ့ အဆိုတော် ဆောင်းဦးလှိုင်ကတော့ ယခုလက်ရှိမှာဆိုရင် မြန်မာနိုင်ငံအတွက် ရန်ပုံငွေရှာဖွေရေး ခရီးစဥ်ကို စတင်နေတာပဲ ဖြစ်ပါတယ် ။ ဆောင်းဦးလှိုင်က နွေဦးတော်လှန်ရေးရန်ပုံငွေရှာဖွေပွဲ USA Tour အတွက် ပထမဆုံးအနေနဲ့ မြို့(၅)မြို့ကို ကြေညာခဲ့တာ ဖြစ်ပါတယ် ။ Boston,Albany,Chapel Hill ဆိုတဲ့မြို့တွေမှာ ဖျော်ဖြေပြီးခဲ့ပြီဖြစ်တဲ့ ဆောင်းဦးလှိုင်က ပြီးခဲ့တဲ့ စက်တင်ဘာလ (၁၁)ရက်နေ့မှာတော့ New York မြို့မှာ သီဆိုဖျော်ဖြေခဲ့တာ ဖြစ်ပါတယ်။

Photo Credit-Song Oo Hlaing's FB Acc
Photo Credit-Song Oo Hlaing's FB Acc
Photo Credit-Song Oo Hlaing's FB Acc
Photo Credit-Song Oo Hlaing's FB Acc

ဒီပွဲမှာတော့ ဆောင်းဦးလှိုင်က မြန်မာနိုင်ငံအတွက် ရန်ပုံငွေ ဒေါ်လာ(၈)သောင်းနီးပါး ရရှိနေပြီဖြစ်ကြောင်း ပြည်သူတွေကို ဝမ်းသာအားရ ပြောပြလာခဲ့တာပဲ ဖြစ်ပါတယ် ။ ဆောင်းဦးလှိုင်က သူ့အတွက် ချီးမြှင့်ငွေ Tips ဒေါ်လာတစ်သောင်းကျော်အပါအဝင် ဂစ်တာလေလံအောင်တဲ့ ဒေါ်လာခုနှစ်ထောင်နဲ့ အမေစုပန်းချီကားလေလံတင်တာကရရှိတဲ့ ဒေါ်လာခုနှစ်ထောင်တို့ကိုလည်း ပြန်လည်ထည့်ဝင်လှူဒါန်းနိုင်ခဲ့တယ်လို့လည်း ပြောပြထားပါသေးတယ်။

Photo Credit-Song Oo Hlaing's FB Acc
Photo Credit-Song Oo Hlaing's FB Acc
Photo Credit-Song Oo Hlaing's FB Acc
Photo Credit-Song Oo Hlaing's FB Acc
Photo Credit-Song Oo Hlaing's FB Acc
Photo Credit-Song Oo Hlaing's FB Acc

ဒီပွဲမှာ ထူးထူးခြားခြားအနေနဲ့ ဆရာဝန်ကြီးဇနီးမောင်နှံမိသားစုတစ်စုတည်းကနေ ဒေါ်လာတစ်သောင်းတိတိ ထည့်ဝင်လှူဒါန်းခဲ့တယ်လို့လည်း သိရပါတယ်။ ပွဲစဥ်(၄)ခု ပြီးဆုံးသွားတဲ့အချိန်မှာတော့ ဒေါ်လာတစ်သိန်းခွဲနီးပါး မြန်မာနိုင်ငံအတွက် ရရှိနေပြီဖြစ်ကြောင်း ဆောင်းဦးလှိုင်က ပြောပြခဲ့ပါတယ်။ လာမယ့် စက်တင်ဘာလ (၁၉)ရက်နေ့မှာတော့ ဆောင်းဦးလှိုင်က Louisvillie, Kentucky မှာ ဖျော်ဖြေဖို့ရှိနေသေးတာ ဖြစ်ပါတယ် ။

Source & Photo Credit-Song Oo Hlaing's FB Acc

Photo Credit-Song Oo Hlaing's FB Acc
Photo Credit-Song Oo Hlaing's FB Acc
Photo Credit-Song Oo Hlaing's FB Acc
Photo Credit-Song Oo Hlaing's FB Acc
Photo Credit-Song Oo Hlaing's FB Acc
Photo Credit-Song Oo Hlaing's FB Acc
Photo Credit-Song Oo Hlaing's FB Acc
Photo Credit-Song Oo Hlaing's FB Acc
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T