ဦးကျော်မိုးထွန်းအား ထောက်ခံသည့်အနေနဲ့ လက်ပတ်နီ Campaignပြုလုပ်ကာ ထောက်ခံခဲ့ကြတဲ့ တောတွင်းတစ်နေရာမှ GZလူငယ်လေးများ

//s9.kh1.co/80/80e8f6d2fce9e059562be8238ed3c20961010ceb.jpg
နေ့စဉ်သတင်းများ

 ၁၃-စက်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

.

စစ်မှန်တဲ့ ဖယ်ဒရယ်ဒီမိုကရေစီကို လိုလားကြတဲ့ GZလူငယ်တွေကတော့ ယနေ့အချိန်ထိ အာဏာရှင်လူတစ်စုကို နည်းမျိုးစုံဖြင့် ဆန္ဒပြတော်လှန်လှုပ်ရှားနေကြတာဖြစ်ပါတယ်.....။ Gen Zလူငယ်လေးတွေဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တွေအနေနဲ့ ခံယူပြီး လွတ်မြောက်ဒေသတွေမှာ စစ်ပညာကြိုးစားသင်ယူနေကြတာပါ ။ အခက်အခဲဒုက္ခမျိုးစုံကြားကနေ စစ်ရေးအတွက်ပြင်ဆင်ပြီး အရာရာစွန့်လွှတ်တိုက်ပွဲ၀င်နေကြတဲ့ လူငယ်လေးတွေနဲ့ စိတ်ဓာတ်နဲ့ သတ္တိကတော့ လေးစားဂုဏ်ယူစရာကောင်းလွန်းပါတယ်။

Photo credit-​ Hlaing Generation Z's Facebook page
Photo credit-​ Hlaing Generation Z's Facebook page

မြန်မာ့ဒီမိုကရေစီအရေးအတွက် ပြည်သူတစ်ရပ်လုံးဟာ အဖက်ဖက်ကနေကြိုးစားနေကြပြီး စစ်ရေးတွေအပြင် မြေပြင်ဆန္ဒပြသပိတ်တွေနဲ့ပါ တော်လှန်နေကြသလို ကုလသမဂ္ဂမှာလည်း သံတမန်ရေးအရ ကြိုးစားနေကြတာဖြစ်ပါတယ်။ သံအမတ်ကြီး ဦးကျော်မိုးထွန်းအနေနဲ့လည်း ကုလသမဂ္ဂမှာ NUG အစိုးရကိုအသိအမှတ်ပြုနိုင်ရေးအတွက် ကိုယ်စွမ်း ဉာဏ်စွမ်းရှိသလောက် ကြိုးစားနေတာကိုလည်း တွေ့မြင်ရပါတယ်။

Photo credit-​ Hlaing Generation Z's Facebook page
Photo credit-​ Hlaing Generation Z's Facebook page
Photo credit-​ Hlaing Generation Z's Facebook page
Photo credit-​ Hlaing Generation Z's Facebook page

ဦးကျော်မိုးထွန်းအား ထောက်ခံကြတဲ့အနေနဲ့ မြန်မာပြည်သူတွေဟာ လက်ပတ်နီ Campaign ပြုလုပ်ကြပြီး ပုံရိပ်တွေကိုလည်း social mediaတွေမှာ မျှဝေထားကြတာကိုတွေ့ရပါတယ်။ တောထဲက GZ လူငယ်လေးတွေဟာလည်း လက်ပတ်နီကမ်းပိန်းမှာ ပါ၀င်ကြပြီး ဦးကျော်မိုးထွန်းဟာ ၀န်းရံခဲ့ကြပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo credit-​ Hlaing Generation Z's Facebook page
Photo credit-​ Hlaing Generation Z's Facebook page
Photo credit-​ Hlaing Generation Z's Facebook page
Photo credit-​ Hlaing Generation Z's Facebook page

သတင်း အရင်းအမြစ်Hlaing Generation Z's Facebook page

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T