ဝမ်းရေးအတွက်ကြိုးစားနေချိန်တွင် ဗုံးပေါက်ကွဲမှုတစ်ခုမှာ ထိခိုက်သွားခဲ့တဲ့ အမှိုက်ကောက်လူငယ်လေးနဲ့ Delivery ပို့သူတစ်ဦး

//s9.kh1.co/5d/5dffcdcc60a2d5eb88859a3648787c362395ef80.png
နေ့စဉ်သတင်းများ

 ၁၂-စက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

..

ယနေ့စက်တင်ဘာလ (၁၂) ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်၊ သံသုမာလမ်းပေါ်ရှိ ကညန ရုံးအနီး အမှိုက်ပုံတစ်ခုတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အမှိုက်ကောက်သည့် လူငယ်တစ်ဦးနှင့် Delivery ပို့သော လူငယ်တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရပါတယ်။ အမှိုက်ကောက်သည့်လူငယ်လေးမှာ အမှိုက်ပုံထဲသို့မွှေနှောက်ရှာစဉ် ပေါက်ကွဲခဲ့တာကြောင့် မျက်နှာနှင့် ခန္ဓာကိုယ်တစ်ခြမ်းထိခိုက်သွားကြောင်း သိရှိရပြီး၊ Delivery ပို့သော လူငယ်လေးဟာတော့ နောက်ကျောဘက်တွင် ထိခိုက်မိကြောင်း သိရပါတယ်။

Photo Credit - Rightful Owner
Photo Credit - Rightful Owner

ပေါက်ကွဲမှုမှာ အနီးကပ်ရှိခဲ့တဲ့ အမှိုက်ကောက်သမားလေးဟာ မျက်လုံးထိခိုက်သွားခဲ့ပြီး အနီးအနားက ဆရာဝန်တစ်ယောက်က လတ်တလောမှာကြည့်ပေးနေခဲ့တယ်လို့ဆိုပါတယ်။ အစားအသောက် ပို့ဆောင်ပေးတဲ့ Delivery လူငယ်လေးဟာတော့ ကျောဖက်မှာ ဒဏ်ရာရရှိသွားခဲ့ပြီး လိုအပ်တဲ့ကုသမှု ခံယူနေခဲ့ပါတယ်။ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်ဆေးသူများရောက်ရှိလာပြီး လမ်းများကိုပိတ်ဆို့ကာ ဖောက်ခွဲမှုတရားခံကိုရှာဖွေနေတယ်လို့သိရပါတယ်။ အများပြည်သူ သွားလာတဲ့လမ်းမှာ အခုလိုဖြစ်ပွားခဲ့ တာဟာ ပြည်သူတွေရဲ့လုံခြုံရေးကို အရမ်းထိခိုက်လွန်းပါတယ်။

Photo Credit - Rightful Owner
Photo Credit - Rightful Owner

ဒီလိုအချိန်မှာ ဝမ်ရေးအတွက် အသက်အန္တရာယ်ကိုမမှုဘဲ လှုပ်ရှားနေရသူတွေဟာ အခုလိုဖြစ်ရပ်တွေ ဖြစ်လာချိန်မှာ သူတို့အတွက်ပိုပြီးဆိုးတဲ့အခြေအနေတွေဖြစ်သွားခဲ့ပါတယ်။ မငြိမ်မသက်ဖြစ်နေတဲ့ တိုင်းပြည်အနေအထားဟာ အခြေအနေတိုင်းမှာ အန္တရာယ်များလွန်းပါတယ်။ ဆက်တိုက်ဖြစ်နေတဲ့ ပေါက်ကွဲမှုတွေတိုင်းမှာ တရားခံကို ဖမ်းဆီးထိန်းသိမ်းနိုင်ခြင်းမရှိသေးဘဲ လက်ရှိအချိန်ထိ နေရာတိုင်းလိုလိုမှာ ပေါက်ကွဲမှုတွေဆက်တိုက်ဖြစ်ပေါ်နေဆဲပါ။

Photo Credit - Rightful Owner
Photo Credit - Rightful Owner
Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T