ယင်းမာပင်မြို့နယ်အတွင်းက Mytel တာဝါတိုင် တချို့ကို မြို့ခံပြည်သူ့ကာကွယ်ရေးတပ်က နောက်ထပ်ဖောက်ခွဲ ဖျက်စီးခဲ့တဲ့ ရုပ်သံဖိုင်

//s9.kh1.co/90/90ab2eb379f2ab183d147111bce32a1d4e0da3e1.jpg
နေ့စဉ်သတင်းများ

 ၁၂-စက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

လတ်တလော မြို့နယ်တချို့တွေမှာ အာဏာရှင်လူတစ်စုပိုင်ဆိုင်တဲ့ Mytel တာဝါတိုင်တွေနဲ့ ဆက်စပ်ပစ္စည်းများကို မြို့ခံ ပြည်သူ့ကာကွယ်ရေး PDF တွေက မီးရှို့ဖျက်စီးတာတွေအပြင် မိုင်းဖောက်တာတွေကိုလည်း ပိုမိုလုပ်ဆောင်လာတာ တွေ့ရပါတယ်။ စိတ်ဓာတ်ပြင်းပြတဲ့ PDF တွေကတော့ အာဏာရှင်စနစ် ကျဆုံးရေးအတွက် တော်လှန်နေကြတဲ့အပြင် ၎င်းတို့ပိုင်ဆိုင်တဲ့ စီးပွားရေးတွေကိုလည်း ရပ်တန့်သွားအောင် တစ်ပါတည်း လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

Photo Credit -အလောင်းတော်ကဿပ နယ်မြေ
Photo Credit -အလောင်းတော်ကဿပ နယ်မြေ
Photo Credit -အလောင်းတော်ကဿပ နယ်မြေ
Photo Credit -အလောင်းတော်ကဿပ နယ်မြေ

ဒီလို ဖောက်ခွဲဖျက်စီးတဲ့ ရုပ်သံဖိုင်များကလည်း လူမှုကွန်ယက်တွေမှာ နေ့စဥ်ဆိုသလို ပျံ့နှံ့လာတာ တွေ့ရပါတယ်။ ယခုမှာလည်း Mytel တာဝါတိုင်တချို့ကို PDF တွေက ဖောက်ခွဲဖျက်စီးခဲ့တဲ့ ရုပ်သံဖိုင်တစ်ခုဟာ ထပ်မံ ပျံ့နှံ့လာခဲ့ပါတယ်။ ဒီတစ်ခါကတော့ စစ်ကိုင်းတိုင်းဒေသကြီး ၊ ယင်းမာပင်မြို့နယ်က Mytel တာဝါတိုင်များဖြစ်ပါတယ်။

Photo Credit -အလောင်းတော်ကဿပ နယ်မြေ
Photo Credit -အလောင်းတော်ကဿပ နယ်မြေ
Photo Credit -အလောင်းတော်ကဿပ နယ်မြေ
Photo Credit -အလောင်းတော်ကဿပ နယ်မြေ

စတင်ဘာလ ( ၁၁)ရက် နေ့လည်ပိုင်းလောက်မှာ ယင်းမာပင်မြို့နယ်၊ နံ့သာကုန်း ကျေးရွာအနီးရှိ Mytel တာဝါတိုင်ကို မြို့ခံ PDF တွေက မိုင်းဖောက်ခွဲဖျက်စီးခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ညပိုင်းမှာလည်း ပြောင်းပြာရွာအနီးက Mytel တာဝါတိုင်ရဲ့ ဆက်စပ်ပစ္စည်းများကို သွားရောက်ဖျက်စီးခဲ့ကြောင်း သိရပါတယ်။ ဒီလိုလုပ်ဆောင်ချက်တွေကို စစ်ဆင်ရေးအရ ဖျက်စီးခဲ့ကြောင်း မြို့ခံ PDF အဖွဲ့က ဆိုထားခဲ့ပါတယ်။ နံ့သာကုန်း ကျေးရွာအနီးရှိ Mytel တာဝါတိုင်အား မိုင်းဖောက်ခွဲခဲ့တဲ့ ရုပ်သံဖိုင်ကို ပရိသတ်တွေလည်း ပြန်လည်ကြည့်ရှုလို့ ဖော်ပြပေးလိုက်ပါတယ်။

သတင်း အရင်းအမြစ်Source - အလောင်းတော်ကဿပ နယ်မြေ

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T