နှစ်ပေါင်းထောင်ကျော်ကြာတဲ့အထိ ရေအောက်မှာနစ်မြုပ်ပျောက်ဆုံးနေတဲ့ မြို့တော်ကြီး

//s9.kh1.co/9b/9bebde7ab332ed1ffc04c6c49ec8a0d060cbc6bc.jpg
ဗဟုသုတအဖြာဖြာ

 ၁၂-စက်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

Heracleion မြို့တော်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၅ဝဝ ကျော်လောက်ထဲက ရေအောက်ထဲမှာ နစ်မြုပ် ပျောက်ဆုံးသွားခဲ့တာလို့ ယူဆထားကြတဲ့မြို့တော်တစ်ခုပဲ ဖြစ်ပါတယ်။

ပျောက်ဆုံးနေတဲ့ ဒီမြို့ကြီးကိုတော့ ပြင်သစ်နိုင်ငံက Marine Archaeologist တစ်ဦးဖြစ်တဲ့ Franck Goddioဟာ Nile မြစ်ထဲမှာ ပြန်လည်တူးဖော်တွေ့ ရှိခဲ့ပါတယ်။

https://s9.kh1.co/__image/w=600,h=332,q=100/92/925cfb36f736ade0fcedfb68aa2a077ca8a75d66.jpg
https://s9.kh1.co/__image/w=600,h=332,q=100/17/17d144b251f9ea9b101b3b9e773da4f261aa8621.jpg

Franck ဟာ စစ်ဘုရင်နပိုလီယံရဲ့ ၁၇၉၈ခုနှစ် တိုက်ပွဲမှာ Nelsonကို အရေးနိမ့်ပြီး ရှုံးခဲ့တဲ့အချိန်က စစ်သင်္ဘောတွေကို ရေအောက်မှာ တူးဖော်ရှာဖွေရာကနေ ဒီမြို့တော်ကြီးကို တွေ့ရှိခဲ့တာပဲ ဖြစ်ပါတယ်။

ရှာဖွေတွေ့ရှိမှုထဲမှာ ၁၆ ပေအထိမြင့်တဲ့ ရုပ်တုတွေနဲ့ အခြားသော အီဂျစ်နတ်ဘုရားရုပ်တု အသေးစားလေးတွေကို ပါတွေ့ရှိခဲ့သလို ​ရှေးဟောင်းအမွေအနှစ်တော်တော်များများကိုပါ တွေ့ရှိခဲ့ပါတယ်။

https://s9.kh1.co/__image/w=600,h=374,q=100/c9/c982332e3adedfda621482825538ff52ff824233.jpg
https://s9.kh1.co/__image/w=600,h=374,q=100/00/004d8a9e211f419eca94ebba376c5b71ab1e4813.jpg

ဒါ့အပြင် သမိုင်းအထောက်အထားအခိုင်အလုံနဲ့ရှိခဲ့တဲ့ အီဂျစ်နတ်ဘုရားမ Isisနဲ့ နတ်ဘုရား Hapi တို့ရဲ့ရုပ်တုတွေ၊ ရွှေဒင်္ဂါးတွေအပြင် ကျောက်စာတွေကိုလဲ ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ရှာဖွေတွေ့ရှိခဲ့တဲ့ ရုပ်တုတွေနဲ့ ကျောက်စာတွေကို စမ်းသပ်စစ်ဆေးမှုအရတော့ မြို့တော် Heracleion ဟာ ဘီစီ ၆ရာစု သို့မဟုတ် ၇ ရာစုလောက်ထဲက ရေအောက်ကို ရောက်ရှိပျောက်ဆုံးသွားခဲ့တာဖြစ်မယ်လို့ ယူဆထားကြပါတယ်။

https://s9.kh1.co/__image/w=600,h=332,q=100/a4/a466d23db67d9a33dede1e4204072d137b8e116b.jpg
https://s9.kh1.co/__image/w=600,h=374,q=100/73/735cff2df89c1dc27f48f984bbd0f1452d9f0ec3.jpg
https://s9.kh1.co/__image/w=600,h=430,q=100/6c/6c3d1c2e666518cf9d85a4d3aab39857a100561d.jpg

သတင်း အရင်းအမြစ်atlasobscura and wikipedia

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T