ဒုက္ခရောက်နေတဲ့ စစ်ဘေးရှောင်တွေဆီကို ရိက္ခာတွေလှူပေးတဲ့အပြင် စိတ်ခွန်အားဖြစ်စေမယ့် စာလေးတွေပါရေးပြီး ပို့ပေးခဲ့တဲ့ CDMဗိုလ်ကြီး ခန့်ကို

//s9.kh1.co/49/4965f032ee5ca07acc2064cc7347545bbe7655ea.jpg
နေ့စဉ်သတင်းများ

 ၁၂-စက်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

ဒုက္ခရောက်နေတဲ့ စစ်ဘေးရှောင်တွေဆီကို ရိက္ခာတွေလှူပေးတဲ့အပြင် စိတ်ခွန်အားဖြစ်စေမယ့် စာလေးတွေပါရေးပြီး ပို့ပေးခဲ့တဲ့ CDMဗိုလ်ကြီး ခန့်ကို

မြန်မာနိုင်ငံရဲ့ နေရာအချို့မှာ တိုက်ပွဲတွေဖြစ်ပွားနေလို့ ဒေသခံပြည်သူတွေဟာ အိုးအိမ်တွေကို စွန့်ခွာပြီး ဘေးလွတ်ရာနေရာမှာ စစ်ဘေးရှောင်နေခဲ့ရပါတယ်။ မိုးတွင်းကာလကြီးမှာ စစ်ဘေးရှောင်နေရတဲ့ စစ်ဘေးရှောင်ပြည်သူတွေဟာ စားဝတ်နေရေးအခက်အခဲ၊ တိုက်ပွဲတွေအနီးနားမှာ ဖြစ်ပွားလာလို့ မကြာခဏ စစ်ရှောင်စခန်းရွှေ့ပြောင်းနေရတဲ့ အခက်အခဲတွေကို ကြုံတွေ့နေရတာ ဖြစ်ပါတယ်။ ယခုရက်ပိုင်းအတွင်း တိုက်ပွဲတွေပြင်းထန်စွာ ဖြစ်ပွားနေလို့ စစ်ဘေးရှောင်ဦးရေ ပိုမိုများပြားလာနေခဲ့ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

အခက်အခဲတွေ ရင်ဆိုင်နေရတဲ့ စစ်ဘေးရှောင်တွေကို ပြည်သူတွေက သူတို့တတ်နိုင်သလောက် လှူဒါန်းပေးနေကြသလို CDMဗိုလ်ကြီး ခန့်ကိုကလည်း စစ်ဘေးရှောင်တွေဆီကို လှူဒါန်းပေးဖို့ ပြင်ဆင်နေခဲ့ပါတယ်။ CDMဗိုလ်ကြီး ခန့်ကိုက ပြည်သူ့ရင်ခွင်ခိုလှုံလာမယ့် ရဲဘော်တွေကို လက်ကမ်းကြိုဆိုနေသူဖြစ်သလို နွေဦးတော်လှန်ရေးအောင်မြင်ဖို့လည်း အစွမ်းကုန်ကြိုးစားနေသူဖြစ်ပါတယ်။ ယခုမှာတော့ CDMဗိုလ်ကြီးခန့်ကိုဟာ ရိက္ခာပြတ်လပ်ပြီး ဒုက္ခရောက်နေတဲ့ စစ်ဘေးရှောင်စခန်းတစ်ခုဆီကို အခြေခံစားသောက်ကုန်တွေ လှူဒါန်းပေးနေခဲ့ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

CDMဗိုလ်ကြီးခန့်ကိုက အခြေခံစားသောက်ကုန်တွေကို လှူဒါန်းပေးတဲ့အပြင် စစ်ဘေးရှောင်ပြည်သူတွေ စိတ်ခွန်အားဖြစ်စေမယ့် စာလေးတွေကိုပါ ရေးပြီး ပို့ပေးခဲ့ပါတယ်။ CDMဗိုလ်ကြီးခန့်ကိုကတော့ " စစ်ဘေးရှောင် ဒေသ ​နေရာလေးတစ်ခုဆီသို့ "ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲ ဖြစ်ပါတယ်။ စစ်ဘေးရှောင်ပြည်သူတွေအတွက် သူတတ်နိုင်သလောက် လှူဒါန်းပေးနေတဲ့ CDMဗိုလ်ကြီးခန့်ကိုအား ပြည်သူတွေ ချီးကျူးနေကြပါတယ်။

Source : Original Uploder

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T