စပိန်နိုင်ငံတွင် တောမီးလောင်မှုကြောင့် မီးသတ်သမားတစ်ဦး သေဆုံး

//s9.kh1.co/84/847c171757a99c8d182c20296794f818197b28ce.jpg
နေ့စဉ်သတင်းများ

 ၁၂-စက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

စပိန်နိုင်ငံတောင်ပိုင်းမှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၈ ရက် ညနေက တောမီးစတင်လောင်ကျွမ်းခဲ့ပါတယ်။

ဒီတောမီးဟာ Sierra Bermeja တောင်တန်းထဲရှိ တောအုပ်မှာလောင်ကျွမ်းခဲ့တာဖြစ်ပြီး ဒီတောမီးကို လေယာဥ် ၆၉ စီးလောက်ထိအသုံးပြုကာ ငြှိမ်းသတ်ခဲ့ကြတယ်လို့ သိရပါတယ်။

https://s9.kh1.co/__image/w=650,h=441,q=100/35/356c478c6f7d2788634665daff6497a5221403d0.jpg

ဒါ့အပြင် ၁၁ ရက်နေ့မနက်အထိ မီးကိုညှိမ်းသတ်နိုင်သေးခြင်းမရှိသေးတာကြောင့် ဟက်တာ ၃၆၀၀ ဝန်းကျင်လောက် မီးလောင်ကျွမ်းသွားခဲ့ပါတယ်။

ဒီတောမီးကြောင့် အနီးနားပတ်ဝန်းကျင်မှာရှိတဲ့ လူပေါင်း ၁၀၀၀ ကျော်လောက်ကိုလည်း ဘေးလွတ်ရာကို ရွေ့ပြောင်းပေးခဲ့ရတယ်လို့ သိရပါတယ်။

https://s9.kh1.co/__image/w=650,h=428,q=100/1a/1a427b40d8bf76d0253115b20b32227273de4787.jpg

သေဆုံးသူအနေနဲ့ကတော့ စက်တင်ဘာလ ၉ ရက်နေ့ညက အသက် ၄၄ နှစ်အရွယ် မီးသတ်သမား တစ်ဦးသေဆုံးခဲ့ပါတယ်။

လက်ရှိမှာတော့ မီးကိုငြိမ်းသတ်နိုင်ခဲ့ပြီဖြစ်ပြီး အာဏာပိုင်တွေကတော့ ဒီမီးကို ရှို့မီးဖြစ်နိုင်တယ်လို့ ယူဆထားသလို စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့လည်း သိရပါတယ်။

https://s9.kh1.co/__image/w=650,h=440,q=100/eb/ebb7b396ecf7fd133cdca0df5bfba28fbee5ec94.jpg

သတင်း အရင်းအမြစ်Reuters

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T