နောက်ဆုံးအချိန်ထိ တိုက်ပွဲဝင်သွားဖို့ ပြင်းပြတဲ့ ခံယူချက်တွေနဲ့ သေတမ်းစာ တစ်စောင်ကို ရေးသားထားတဲ့ မင်းတပ် CDF က တပ်သားတစ်ဦး

//s9.kh1.co/6f/6f3c0cb24b68d226e93b41e22da24ffc096c47fd.jpg
နေ့စဉ်သတင်းများ

 ၁၂-စက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

ချင်းပြည်နယ်အတွင်းက မင်းတပ် CDF တွေကတော့ ဖက်ဒရယ်ဒီမိုကရေစီကို ပြန်လည်ရရှိဖို့အတွက် တစ်နိုင်ငံလုံးက ပြည်သူတွေနဲ့အတူ ရရာလက်နက်ဖြင့် တော်လှန်လာခဲ့ကြတာ လက်ရှိအချိန်ထိပါပဲ။ အာဏာရှင်လူတစ်စုရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကို လတ်တလောမှာ အကောင်းဆုံးခုခံနေပြီး ထိတွေ့တိုက်ပွဲတွေကလည်း မကြာခဏဖြစ်ပွားလာခဲ့ပါတယ်။ မင်းတပ် CDF တွေဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ပြည်သူတွေနဲ့အတူ ပူပေါင်းပါဝင်ချင်တဲ့ တပ်သားတွေကို ဆုငွေများချီးမြှင့်ပေးပြီး နွေးထွေးစွာ ဖိတ်ခေါ်ခဲ့ကြတာကို တွေ့လာရပါတယ်။

https://s9.kh1.co/__image/w=600,h=331,q=100/c8/c8a2530d730fb74865912e1c6881803e9c7f67fb.jpg
Photo Credit - C.D.F (Mindat)
Photo Credit - C.D.F (Mindat)

နွေဦးတော်လှန်ရေးကာလမှာ အာဏာရှင်လူတစ်စုကို မင်းတပ်မြို့က ပြည်သူ့ကာကွယ်ရေး CDF တပ်တွေက ပထမဆုံးစတင် တော်လှန်လာခဲ့တဲ့ သူရဲကောင်းတပ်ဖွဲ့ ဖြစ်ခဲ့ကြပါတယ်။ ဒီလို အာဏာရှင်ကို တွန်းလှန်တော်လှန်ရင်းလည်း ရဲဘော်တချို့ အသက်ပေးခဲ့ရပါတယ်။ ယခုမှာလည်း ဒီမိုကရေစီတိုက်ပွဲဝင်နေတဲ့ မင်းတပ် CDF တပ်ဖွဲ့ဝင် တစ်ဦးရဲ့ သေတမ်းစာတစ်စောင်ဟာ လူမှုကွန်ယက်မှာပျံ့နှံ့လာတာ တွေ့ရပါတယ်။

Photo Credit - C.D.F (Mindat)
Photo Credit - C.D.F (Mindat)
Photo Credit - C.D.F (Mindat)
Photo Credit - C.D.F (Mindat)

CDF တပ်သားတစ်ဦးဟာ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေရင်း ကျဆုံးခဲ့သည်ရှိသော် မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး နှင့် ချစ်သောရဲဘော်များအား သိရှိစေရန် ဒီစာကိုရေးသားထားခဲ့တာ ဖြစ်ပါတယ်။ ဖက်ဒရယ် ဒီမိုကရေစီပြည့်ဝတဲ့နိုင်ငံ ထူထောင်ဖို့အတွက် ပြင်းပြတဲ့ အဆိုပါတပ်သားရဲ့ စိတ်ဓာတ်နဲ့ ခံယူချက်ကတော့ တကယ့်ကို လေးစားစရာ ကောင်းလှပါတယ်။ သူရဲ့ ခံယူချက်တွေနဲ့ သေတမ်းစာကို ပရိသတ်တွေလည်း ဖတ်ရှု့လို့ရအောင် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

https://s9.kh1.co/__image/w=600,h=1328,q=100/d6/d68f3d6ad6dab111302c3e7d5fa983787cdef51a.jpg

သတင်း အရင်းအမြစ်Source - C.D.F (Mindat)

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T