နာရီပိုင်းအတွင်းမှာပဲ မိဘနှစ်ပါးလုံးကို ဆုံးရှုံးခဲ့ရတဲ့ ကလေးခုနှစ်ယောက်

//s9.kh1.co/6e/6e99fa7804296c946ec67247eb6930e922d5a97b.jpg
နေ့စဉ်သတင်းများ

 ၁၂-စက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

Covid-19 ရဲ့ထိုးနှက်မှုကြောင့် မိသားစုတွေသေကွဲ ကွဲရတဲ့အဖြစ်မျိုးနဲ့ ကြုံတွေ့နေရတာဟာ အများကြီးမှ အများကြီးပါပဲ။

တစ်ချို့ကလည်း သားသမီးတွေကို ဆုံးရှုံးရ ၊ တစ်ချို့ကလည်း မိဘတွေကို ဆုံးရှုံးရနဲ့ ဒီကာလမှာ မိသားစုဝင်တွေ တစ်ယောက်ပီး တစ်ယောက် ကြွေလွင့်သွားတာကို မျက်ရည်တွေနဲ့ ကြည့်နေခဲ့ရသူတွေလည်း များစွာရှိကြပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/3b/3bb9b48cb0da8c43f02e17473fc27c0c3fc1afa0.jpg

အမေရိကန်နိုင်ငံက Charletta နဲ့ Troy Green တို့ဇနီးမောင်နှံဟာဆိုရင်လည်း ပြီးခဲ့တဲ့ရက်ပိုင်းကပဲ Covid-19 ကြောင့်ကွယ်လွန်သွားခဲ့ရပါတယ်။

သူတို့နှစ်ဦးဟာ ဆေးရုံမှာကုသခဲ့ကြပေမယ့်လည်း Charletta ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၆ ရက်နေ့မှာ သေဆုံးသွားခဲ့ပါတယ်။

ဒီအဖြစ်အပျက်ကိုသိလိုက်ရတဲ့ ယောကျာ်းဖြစ်သူ Troy ဟာလည်း ချစ်ဇနီးသေဆုံးပြီး ၈ နာရီအကြာမှာပဲ heart attack နဲ့သေဆုံးသွားခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/a4/a4875cd9f335da793fab00f33c5bddd76a116329.jpg

Charletta နဲ့ Troy တို့ဇနီးမောင်နှံသေဆုံးသွားခဲ့ချိန်မှာတော့ သူတို့ရဲ့ရင်သွေးလေး ၇ ယောက်လုံးဟာ မိဘမဲ့တွေ ဖြစ်ခဲ့ရပါတယ်။

ရင်သွေးလေးတွေဟာ အသက် ၁၀ နှစ်ကနေ ၂၃ နှစ်ကြား ကလေးတွေဖြစ်ပြီး မိဘတွေမရှိတော့တဲ့အတွက် ဒီအချိန်ကနေစတင်ပြီး သူတို့ဘဝအတွက် ရုန်းကုန်ကြရတော့မှာပဲ ​ဖြစ်ပါတယ်။

တစ်ရက်ထဲမှာပဲ မိဘနှစ်ပါးလုံးကို ဆုံးရှုံးခဲ့ရတဲ့ ကလေးတွေအနေနဲ့လည်း ဒီအချိန်မှာ တော်တော်လေးခံစားနေကြရမယ်ထင်ပါတယ်။

https://s9.kh1.co/__image/w=650,h=328,q=100/2d/2db6460cedd76cfe6b6e7d5d47a3a743030a8155.jpg
https://s9.kh1.co/__image/w=640,h=480,q=100/2b/2b061b5d88081a3ca5171726b7db1dc7e04cf2b0.jpg

သတင်း အရင်းအမြစ်DailyMail

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T