ရန်သူရဲ့တပ်ရင်းတစ်ခုကို (၆၀)မမ စိန်ပြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြတဲ့ ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ဗီဒီယိုဖိုင်

//s9.kh1.co/2d/2d7fcf2b300ef8659a8f8eeb5da871d2ef5c754c.jpg
နေ့စဉ်သတင်းများ

 ၁၂-စက်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

ရန်သူရဲ့တပ်ရင်းတစ်ခုကို (၆၀)မမ စိန်ပြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြတဲ့ ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ဗီဒီယိုဖိုင်

နိုင်ငံတော်ကို အရေးပေါ်အခြေအနေအဖြစ် ကြေညာလိုက်တဲ့ စက်တင်ဘာလ (၇)ရက်နေ့ နောက်ပိုင်း မြန်မာနိုင်ငံရဲ့ နေရာအချို့မှာ တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားနေခဲ့ပါတယ်။ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်ပြည်သူတွေလည်း တစ်ဆထက် တစ်ဆ ပိုမိုများပြားလာနေခဲ့ပါတယ်။စက်တင် ဘာလ(၁၁)ရက်နေ့ မနေ့ကတော့ ဖယ်ခုံမြို့နယ်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး ဖယ်ခုံPDFက ရန်သူကို ပစ်ခတ်တိုက်ခိုက်နေတဲ့ ဗီဒီယိုဖိုင်တွေ ထွက်ပေါ်လာခဲ့ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder

မနေ့ကတော့ ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဟာ ရန်သူကို (၆၀)မမ စိန်ပြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ ဖယ်ခုံPDFက ဖယ်ခုံမြို့မှာရှိနေတဲ့ ခမရ(၃၃၆) တပ်ရင်းအတွင်းသို့ ပစ်ခတ်ခဲ့တာပဲ ဖြစ်ပြီး အဆိုပါပစ်ခတ်မှုကြောင့် တပ်ရင်းအတွင်းသို့ လက်နက်ကြီးကျည်ဆံကျရောက်ပေါက်ကွဲသွားခဲ့ပါတယ်။ လက်နက်ကြီးကျရောက်ပေါက်ကွဲတာကြောင့် ရန်သူက လက်နက်ကြီး၊လက်နက်ငယ်များဖြင့် (၁၅)မိနစ်ကြာ ပြန်လည်ပစ်ခတ်ခဲ့ကြောင်း ဖယ်ခုံPDFက ထုတ်ပြန်ထားခဲ့ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

ဖယ်ခုံPDFကတော့ ပြည်သူဘက်သို့ ရပ်တည်လိုသော ပြည်သူ့ရဲဘော်များကို သူတို့အနေနဲ့နွေးထွေးစွာကြိုဆိုကြောင်း ထုတ်ပြန်ထားပြီးဖြစ်သလို ယခုအချိန်တွင်လည်း ပြည်သူဘက် ရပ်တည်လိုပါက အချိန်မနှောင်းသေးကြောင်း ထုတ်ပြန်ပြောဆိုထားပါတယ်။ ဖယ်ခုံPDFကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း တောင်ပို့ကြီးကျေးရွာနဲ့ ကဖုရှေ့ ကျေးရွာမှာရှိတဲ့ mytel tower တိုင်များကို ဖျက်ဆီးခဲ့သေးတာ ဖြစ်ပါတယ်။ ရန်သူကို (၆၀)မမစိန်ပြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်နေတဲ့ ဖယ်ခုံPDFရဲ့ ဗီဒီယိုဖိုင်ကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source : Original Uploder

Photo Credit: Original Uploder
Photo Credit: Original Uploder
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T