စတင်ဘာလ (၁၁)ရက်နေ့မှာ အကြမ်းဖက်တိုက်ခိုက်ခံရမှု နှစ်(၂၀)ပြည့်လာခဲ့ပြီဖြစ်တဲ့ အမေရိကန်ပြည်သူတွေရဲ့ ချောက်ချားစရာ နေ့တစ်နေ့

//s9.kh1.co/0b/0bb0ac4a322967af052411a3b6153bf4c890cfbe.jpg
နေ့စဉ်သတင်းများ

 ၁၂-စက်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

.

လွန်ခဲ့တဲ့ (၂၀၀၁) ခုနှစ် စက်တင်ဘာ (၁၁) ရက်နေ့မှာ အကြမ်းဖက်အဖွဲ့ကနေ အမေရိကန်ကခရီးသည်တင် လေယာဥ် (၄) စင်းကို ပြန်ပေးဆွဲပြီး နယူးယောက်မြို့ရှိ ကမ္ဘာ့အမြင့်ဆုံး ကုန်သွယ်ရေးစင်တာ အဆောက်အဦး(၂)လုံးကို လေယာဥ် (၂) စင်းနဲ့ ဝင်တိုက်ခဲ့တာဟာ ဒီကနေ့ဆိုရင် နှစ် (၂၀) ပြည့်လာခဲ့ပြီ ဖြစ်ပါတယ်။အဆိုပါ တိုက်ခိုက်မှုများကို အိုစမာ ဘင်လာဒင် တည်ထောင်ထားတဲ့ အဲလ်ခိုင်းဒါး အဖွဲ့က လေယာဥ်ပြန်ပေးဆွဲပြီး အသေအချာ စီမံဆောင်ရွက် ခဲ့တာ ဖြစ်ပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

ဒီအကြမ်းဖက် တိုက်ခိုက်မှုတွေမှာ အမေရိကန်ပြည်သူတွေနဲ့ အခြားနိုင်ငံကပြည်သူတွေအပါအဝင် လူပေါင်း (၃၀၀၀) နီးပါးလောက် သေဆုံးခဲ့ကြောင်း နိုင်ငံတကာ သတင်းများရဲ့ ဖော်ပြချက်အရသိရပါတယ်။ အဲဒီတုန်းက အမေရိကန် သမ္မတဟာ ဂျော့ချ် ဘွတ်ရှ် ဖြစ်ပြီး အကြမ်းဖက်တိုက်ဖျက်ရေးကို လုပ်ဆောင်ခဲ့ပါတယ်။ သမ္မတ အိုဘားမား လက်ထက်(၂၀၁၁) ခုနှစ် မေလ (၁) ရက်နေ့မှာတော့ ပါကစ္စတန်မှာပုန်းအောင်နေတဲ့ အဲလ်ခိုင်းဒါး ခေါင်းဆောင် အိုစမာ ဘင်လာဒင်ကို သုတ်သင်နိုင်ခဲ့ပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

အဲ့ဒီအကြမ်းဖက် တိုက်ခိုက်ခံရမှုဖြစ်ရပ်ဟာ အမေရိကန်ပြည်သူတွေအတွက် အရမ်းကို ချောက်ချားခဲ့ရပြီး မေ့လို့မရနိုင်တဲ့ နေ့တစ်နေ့ဖြစ်ခဲ့ပါတယ်။ ယခုအကြမ်းဖက်တိုက်ခိုက်ခံခဲ့ရမှု နှစ်(၂၀)ပြည့်ကို ကမ္ဘာ့ကုန်သွယ်ရေး အဆောက်အဦးနေရာမှာ သေဆုံးသွားခဲ့ရသူတွေ အတွက် အောက်မေ့ဖွယ် အခမ်းအနားကို စနေနေ့က ကျင်းပခဲ့ပြီး သမ္မတ ဘိုင်ဒန် ကိုယ်တိုင် တက်ရောက်ခဲ့တာ တွေ့ရပါတယ်။ ပြည်သူတွေကတော့ သေဆုံးသူတွေအတွက် လွမ်းသူများနှင့် ဖယောင်းတိုင်များထွန်းပြီး ဆုတောင်းပေးခဲ့ကြပါတယ်။ 

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

သတင်း အရင်းအမြစ်Source - CGTN

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T