ရန်ကုန်ရှိလူစည်ကားရာနေရာတစ်ခုဖြစ်တဲ့ မြန်မာပလာဇာမှာ လူငယ်တွေစုပေါင်းပြီးတော်လှန်ရေးသပိတ်ပြုလုပ်ခဲ့ကြတဲ့ ဗီဒီယိုဖိုင်

//s9.kh1.co/05/05b7de856fc779ba4bbf6149e20de726e7d4c715.jpg
နေ့စဉ်သတင်းများ

 ၁၁-စက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

ရန်ကုန်မြို့၊ မြန်မာပလာဇာတွင် ယနေ့ စက်တင်ဘာလ ၁၁ ရက်နေ့ နေ့လည်(၁)နာရီခန့်က တော်လှန်‌ရေးလူငယ်များနှင့် တကသကျောင်းသားဟောင်းများအင်အားစုတို့ ပူးပေါင်းပြီး စစ်အာဏာရှင် ကျဆုံးရမည်၊ အရေးတော်ပုံ အောင်ရမည်ဟု ကြွေးကြော်ကာ ပြောက်ကျား ဆန္ဒပြသပိတ်ပြုလုပ်ခဲ့ကြတာဖြစ်ပြီး ဈေး၀ယ်ပြည်သူတွေကလည်း လက်ခုပ်တွေတီးကာ လက်သုံးချောင်းထောင်ပြီး ပူးပေါင်းခဲ့ကြပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader

"ပြည်သူ့တော်လှန်ရေး ပြည်သူ‌အားလုံးပါ၀င်ကြ" ဆိုတဲ့ ကြွေးကြော်သံတွေနဲ့ အစပြုကာဈေးဝယ်စင်တာတွေအထိပါ ပြည်သူတွေရဲ့သပိတ်တွေက အားကောင်းလာနေတာတွေ့ရပါတယ်။လူထူထူ လူစုစုမှာ လက်သုံးချောင်းထောင်လိုက်တာနဲ့ ကြွေးကြော်သံတိုင်လိုက်တာနဲ့ အာဏာရှင်ကိုအလိုမရှိကြောင်း ဆန့်ကျင်ကြတဲ့ပြည်သူတွေရဲ့ စိတ်ဓာတ်ကို video ဖိုင်မှာမြင်ရမှာပါ။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

မြန်မာပလာဇာမှာပြုလုပ်ခဲ့တဲ့ ဆန္ဒပြသပိတ်ပုံရိပ်တွေနဲ့ ဗီဒီယိုတွေဟာဆိုရင် လူမှုကွန်ယက်စာမျက်နှာတွေမှာ ချက်ချင်းပျံ့နှံ့လာပြီး ချီးကျူးထားကြတဲ့မှတ်ချက်တွေလည်းများစွာရရှိနေတာဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader

သတင်း အရင်းအမြစ်Myanmarload

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T