ရန်သူတွေကိုအတူတိုက်ရင်း ကျဆုံးသွားတဲ့ညီငယ်ရဲဘော်ကို ကိုယ်တိုင်မီးသဂြိုလ်ကာ ယူကြုံးမရဝမ်းနည်းနေတဲ့ PDF လူငယ်လေးရဲ့ ဗီဒီယို

//s9.kh1.co/de/de29e4cc86410d994f05da4eb63b1bb00836e480.jpeg
နေ့စဉ်သတင်းများ

 ၁၁-စက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

..

D Day နေ့ကို စတင်ကြေညာပြီးတဲ့နောက် အရင်ကထက် တိုက်ပွဲတွေဆက်တိုက်ပြင်းထန်လာပြီး အပြန်အလှန်ကျရှုံးတာတွေရှိနေတာ တွေ့ရပါတယ်။ အာဏာရှင်တွေရဲ့ အကြမ်းဖက်မှုတွေကို တွန်းလှန်ဖို့အတွက် PDF လူငယ်တွေဟာ တောထဲမှာ အနေအစားဆင်းရဲပင်ပန်းပေမယ့်လည်း လေ့ကျင့်မှုတွေကို မငြီးမငြူပြုလုပ်ကာ လက်နက်ကိုင်တိုက်ပွဲဝင်နေကြတာ ဖြစ်ပါတယ်။

Photo Credit - Saw Nay Thar's Fb Acc
Photo Credit - Saw Nay Thar's Fb Acc

တိုက်ပွဲတွေမှာ ရန်သူတွေကိုတွန်းလှန်တိုက်ထုတ်ရင်း ကျဆုံးသွားကြတဲ့ သူရဲကောင်းတွေရဲ့ နောက်ဆုံးခရီးတွေကို ကျန်ရစ်သူရဲဘော်တွေက တတ်နိုင်သလောက် အကောင်းဆုံးပို့ဆောင်ပေးနေကြတာတွေကလည်း ဒူးနဲ့ဒေးပါပဲ။ ဒီတစ်ခါမှာလည်း PDF လူငယ်လေး တစ်ယောက်ဟာ ရန်သူတွေကိုအတူတိုက်ရင်း ကျဆုံးသွားတဲ့ညီငယ်ရဲဘော်ကို ကိုယ်တိုင်မီးသဂြိုလ်ကာ ခံပြင်းစွာနဲ့ ယူကြုံးမရဝမ်းနည်းနေရပြန်ပါတယ်။ 

Photo Credit - Saw Nay Thar's Fb Acc
Photo Credit - Saw Nay Thar's Fb Acc
Photo Credit - Saw Nay Thar's Fb Acc
Photo Credit - Saw Nay Thar's Fb Acc

သွေးသားမတော်စပ်ကြပေမယ့် စစ်သင်တန်းတက်ရောက်နေတဲ့အချိန် ညီအစ်ကိုအရင်းတွေလို ချစ်ခင်လာကြပြီး ကျဆုံးသွားတဲ့ အချိန်တွေမှာလည်း နာကျည်းခံပြင်းမှုတွေနဲ့ ဝမ်းနည်းနေကြရတာပါ။ 

သူ့ရဲ့အနောက်ကနေပဲ တက်ဖို့မှာထားပေမယ့် အရှေ့ကတက်သွားလို့ ကျဆုံးသွားတဲ့ ညီငယ်ရဲဘော်လေးအတွက် ငြိမ်းချမ်းစေဖို့ကိုလည်း ဝမ်းနည်းမှုတွေကြားက ဆုတောင်းပေးထားသေးတာမို့ ဗီဒီယိုဖိုင်လေးကိုလည်း မျှဝေလိုက်ပါတယ်နော်။

Photo Credit - Saw Nay Thar's Fb Acc
Photo Credit - Saw Nay Thar's Fb Acc

သတင်း အရင်းအမြစ်Saw Nay Thar's Fb Acc


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T