နောက်ဆုံးအချိန်ရောက်နေတာတောင် လက်သုံးချောင်းထောင်ပြီး အသက်ပေးသွားခဲ့ကြတဲ့လူငယ်လေးတွေရဲ့အဖြစ်ကိုကြည့်ကာ ရင်နာနာနဲ့ဖွင့်ဟလာတဲ့ CDM ဗိုလ်ကြီး

//s9.kh1.co/bd/bd3e2c2747eb09611b9aa3bc97af002b08b78266.jpg
နေ့စဉ်သတင်းများ

 ၁၁-စက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

နိုင်ငံရေးအခြေအနေ‌အရပ်ရပ်နဲ့ အာဏာရှင်လူတစ်စုရဲ့လုပ်ရပ်တွေကြောင့် လူငယ်တွေအတော်များများ လွတ်မြောက်နယ်မြေကိုရောက်ရှိနေကြပြီး စစ်ရေးအတွက်ပြင်ဆင်နေကြတာဖြစ်ပါတယ်။ ပြည်သူချစ်အနုပညာရှင်အတော်များများကလည်း လွတ်မြောက်နယ်မြေတွေမှာရောက်ရှိနေပြီး တပ်တွင်းကရဲဘော်တွေနဲ့ ဗိုလ်ကြီးတွေပါ CDMလုပ်လာကြတာကို တွေ့ရပါတယ်။

Photo credit-Lin Htet Aung's Facebook acc
Photo credit-Lin Htet Aung's Facebook acc

ဒီဒေးကြော်ငြာပြီးတဲ့ရက်တည်းကစကာ တိုက်ပွဲတွေလည်း ပြင်းထန်လာနေသလို နေရာအနှံ့မှာလည်း ဖိနှိပ်ဖမ်းဆီးမှုတွေ အများအပြားဖြစ်ပေါ်နေတာကို တွေ့ရပါတယ်။ ယမန်နေ့ကလည်း PDF ရဲဘော်ကလေးတွေ အများအပြားဖမ်းဆီးခဲ့ခံရပြီး ပစ်ခတ်မှုတွေအထိပါခံခဲ့ရတာကြောင့် သေဆုံးသွားရတဲ့ လူငယ်လေးတွေလည်း အများအပြားရှိခဲ့ပါတယ်။ ဒီလိုအခြေအနေမှာတောင် လူငယ်လေးတွေဟာ နောက်ဆုံးအချိန်ထိ လက်သုံးချောင်းထောင်ကာ အရေးတော်ပုံအောင်ရမည်လို့ ကြွေးကြော်ခဲ့ကြတယ်လို့ သိရပါတယ်။

Photo credit-Lin Htet Aung's Facebook acc
Photo credit-Lin Htet Aung's Facebook acc
Photo credit-Lin Htet Aung's Facebook acc
Photo credit-Lin Htet Aung's Facebook acc

ဒီဖြစ်စဉ်နဲ့ပက်သက်ပြီး CDMဗိုလ်ကြီး လင်းထက်အောင်က ခံပြင်းဒေါသထွက်မှုတွေနဲ့အတူ သွေးကြွေးမှာ ဆွေးနွေးစရာမရှိကြောင်း၊ နောက်ဆုံးချိန်ရောက်တာတောင် အာဏာရှင်လက်အောက် အကျမခံခဲ့တဲ့လူငယ်လေးတွေရဲ့ သတ္တိကို လေးစားချီးကျူးမိကြောင်း ဖွင့်ဟလာပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo credit-Lin Htet Aung's Facebook acc
Photo credit-Lin Htet Aung's Facebook acc

သတင်း အရင်းအမြစ်Lin Htet Aung's Facebook acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T