သားအမိနှစ်ယောက်တည်းရုန်းကန်နေရတဲ့ဘဝလေးကို ကိုယ်ချင်းစာသနားမိတာကြောင့် လိုအပ်တာတွေကို ကိုယ်တိုင်သွားရောက်လှူဒါန်းခဲ့တဲ့ ဝေဠုကျော်

//s9.kh1.co/f5/f5e34466917a8a5ea5c4d8f4e742059e5d47d1f9.jpeg
အနုပညာရှင်များ

 ၁၁-စက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

သားအမိနှစ်ယောက်တည်းရုန်းကန်နေရတဲ့ဘဝလေးကို ကိုယ်ချင်းစာသနားမိတာကြောင့် လိုအပ်တာတွေကို ကိုယ်တိုင်သွားရောက်လှူဒါန်းခဲ့တဲ့ ဝေဠုကျော်

ဝေဠုကျော်ဖောင်ဒေးရှင်းကလည်း ဒီကာလမှာ အလှူရှင်တွေရဲ့အလှူငွေတွေကို စုပေါင်းပြီး ခက်ခဲနေတဲ့ပြည်သူတွေကို ကိုယ်တိုင်ကိုယ်ကျသွားရောက်လှူဒါန်းနေတာဖြစ်ပါတယ်။ဝေဠုကျော်တို့ဖောင်ဒေးရှင်းမှအဖွဲ့သားတွေအကုန်လုံးက ကိုယ်ချင်းစာတရားအပြည့်နဲ့ အခက်အခဲတွေကို တတ်နိုင်သလောက်ကူညီဖြေရှင်းပေးနေကြတာဖြစ်ပါတယ်။ဝေဠုကျော်ကလည်း တချို့ရပ်ကွက်တွေ၊ကျူးကျော်နေရာတွေကို ကိုယ်တိုင်သွားရောက်ပြီး လိုအပ်တာလေးတွေကိုပေးအပ်နေတာပဲဖြစ်ပါတယ်။

Photo Credit:Wai Lu Kyaw Foundation’s Fb page

ဒီနေ့မှာဆိုရင်လည်း ဝေဠုကျော်က တောင်ဒဂုံ (၁၉)ရပ်ကွက်က ကျန်းမာရေးမကောင်းကြတဲ့ သားအမိနှစ်ယောက်ဆီသွားပြီး ဆန်၊ဆီ၊ကြက်ဥနဲ့ အဝတ်အထည်အသစ်လေးတွေကို သွားရောက်လှူဒါန်းခဲ့တာဖြစ်ပါတယ်။အဲ့ဒီသားအမိနှစ်ယောက်ရဲ့အကြောင်းလေးကတော့ အိမ်ထောင်ဦးစီးဖြစ်တဲ့ဖခင်က ဆုံးပါးသွားတာဖြစ်ပါတယ်။ကျန်နေခဲ့တဲ့ သားအမိနှစ်ယောက်မှာလည်း မိခင်က ရောဂါပေါင်းစုံနဲ့ ဗိုက်ကြီးကပူနေတယ်လို့သိရပါတယ်။

Photo Credit:Wai Lu Kyaw Foundation’s Fb page
Photo Credit:Wai Lu Kyaw Foundation’s Fb page
Photo Credit:Wai Lu Kyaw Foundation’s Fb page
Photo Credit:Wai Lu Kyaw Foundation’s Fb page

သားဖြစ်သူကတော့ စကားမပြောနိုင်တာကြောင့် ရပ်ကွက်ထဲမှာ ရွှေအလေးလို့ ခေါ်ဝေါ်ကြပြီး တခြားသူခိုင်းတာတွေလုပ်ပေးတာဖြစ်ပါတယ်။ရွှေအလေးက ငယ်ငယ်ရွယ်ရွယ်နဲ့သွေးတိုးပြီး လေဖြတ်သွားသေးတာကြောင့် ရောဂါကုသခဲ့ရပြီး အခုဆိုရင်ပြန်ထိုင်နေနိုင်ပြီလို့သိရပါတယ်။သားအမိနှစ်ယောက်တည်းရုန်းကန်နေရတဲ့ဘဝလေးကိုဝေဠုကျော်က ကိုယ်ချင်းစာနာစွာဖြင့် တတပ်တအားသွားရောက်လှူဒါန်းခဲ့တဲ့ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:Wai Lu Kyaw Foundation’s Fb page
Photo Credit:Wai Lu Kyaw Foundation’s Fb page
Photo Credit:Wai Lu Kyaw Foundation’s Fb page
Photo Credit:Wai Lu Kyaw Foundation’s Fb page
Photo Credit:Wai Lu Kyaw Foundation’s Fb page
Photo Credit:Wai Lu Kyaw Foundation’s Fb page

Source&Photo Credit:Wai Lu Kyaw Foundation’s Fb page

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T