ရုပ်ရှင်တွေတူတူတွဲရိုက်ရင်း ရည်းစားတွေဖြစ်သွားကြတဲ့ ထိုင်းအနုပညာရှင်များ

//s9.kh1.co/4e/4ebf0bd7fcdd700eaf73f10ca1f03655c4dd6cb5.jpg
အနုပညာရှင်များ

 ၁၁-စက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

ရိုက်ကွင်းပေါ်မှာ အချစ်ကို ရှာတွေ့သွားကြတဲ့ ထိုင်းဆယ်လီစုံတွဲများ...........

ထိုင်းအချစ်ဇာတ်လမ်းတွေကို တူတူတွဲရိုက်ကြရင်းနဲ့ အပြင်လောကမှာပါ ချစ်ကျွမ်းဝင်သွားတဲ့ ဆယ်လီ စုံတွဲတွေ ရှိပါတယ်။ ဇာတ်ကားထဲက အချစ်ဟာ တကယ့် Real Life အထိပါ ကူးစက်သွားခဲ့တဲ့ ထိုင်းထိပ်တန်း အနုပညာရှင် စုံတွဲတွေ တချို့ကတော့ ……

1. Mark Prin & Kimmy Kimberley Anne Voltemas

Photo Credit From Google 
Photo Credit From Google 

 ထိုင်းဆယ်လီစုံတွဲတွေထဲမှာ ပရိသတ်တွေ အရမ်းကိုအားကျတဲ့ နောက်ထပ် Idol Couple ပါ။ TV ဒရမ်မာဇာတ်ကားတွေ အများကြီးမှာ အတူသရုပ်ဆောင်ခဲ့ပြီးနောက် အနုပညာမောင်နှမ အဆင့်ကနေ ချစ်သူတွေ တကယ်ဖြစ်သွားကြတာပါ။ ချစ်သူ သက်တမ်းကတော့ (၆) နှစ်ကျော်ခဲ့ပါပြီ။ သူတို့ရဲ့ မင်္ဂလာသတင်းနဲ့ပတ်သက်ပြီး နှစ်ယောက်လုံးက အလုပ်တွေကိုယ်စီရှုပ်နေကြတာမို့ နှစ်နဲနဲလောက်ကြာမှ ဖြစ်နိုင်မယ်လို့ ပြောပြပါတယ်။

2. Ter Chantavit and Mai Davika

Photo Credit From Google 
Photo Credit From Google 

Chai Mai Jing Ying Tae ရုပ်ရှင်မှာ စုံတွဲအဖြစ် အတူတူတွဲသရုပ်ဆောင်ခဲ့ပြီးနောက်ပိုင်းမှာတော့ အနုပညာမောင်နှမအဆင့်ထက် ပိုခဲ့ကြပါတယ်။ (၂၀၁၈)အစောပိုင်းမှတော့ာ သူတို့ရဲ့ Relationship ကို ဝန်ခံခဲ့ကြတာပါ။

3. Dj Push Puttichai and Jooy Warattaya

Photo Credit From Google 
Photo Credit From Google 

Dj Push Puttichai နဲ့ Jooy Warattaya တို့ကတော့  ၂၀၁၄ မှာရိုက်ကူးခဲ့တဲ့ Fun Fueng မှာ ရုပ်ရှင်ရိုက်ကူးရင်း တကယ့်ချစ်သူတွေ ဖြစ်ခဲ့ကြတာပါ။ Dj Push ကတော့ သူချစ်ရတဲ့ မ နဲ့ (၂၀၁၈) နိုဝင်ဘာ (၁၆) ရက်နေ့မှာ မင်္ဂလာပွဲ ဆင်နွှဲခဲ့ပါတယ်။

4. Jes Jespipat and Vill Wannarot

Photo Credit From Google 
Photo Credit From Google 

Jes Jespipat နဲ့ Vill Wannaort ကတော့ Talay Rissaya ဆိုတဲ့ ရုပ်ရှင်ဇာတ်လမ်းတွဲ ရိုက်ကူးပြီးချိန်မှာတော့ ချိန်းတွေ့နေကြပြီဆိုပြီး ပရိတ်သတ်တွေ၊ သတင်းမီဒီယာတွေက ပြောနေကြပါတယ်။ 

5. Nadech Kugimiya and Yaya Urassaya

Photo Credit From Google 
Photo Credit From Google 

Nadech Kugimiya နဲ့ Yaya Urassaya တို့ကတော့ ထိုင်းနိုင်ငံရဲ့ နာမည်ကြီး ထိပ်တန်း အနုပညာရှင်တွေပါ။ ထိုင်းပရိသတ်တွေရဲ့ golden couple ဆိုပြီး သတ်မှတ်ခံထားရတဲ့အပြင် ထိုင်းရုပ်ရှင်ပရိတ်သတ်မဟုတ်တဲ့ လူတွေတောင်သိကြတဲ့အထိကို လိုက်ဖတ်တဲ့စုံတွဲပါ။ ဒီချစ်သူ စုံတွဲလေးကတော့ ပွဲတွေကိုပါ အတူတွဲတတ်နေကြပါပြီ။

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T