ကားမှန်ရိုက်ခွဲပြီး ကားအတွင်းရှိပစ္စည်းတွေ ခိုးယူသွားတဲ့အပြင် အိမ်ခြံတခါးကိုပါ ရိုက်ဖွင့်ဖို့ကြိုးစားခဲ့တဲ့ လူနှစ်ဦး

//s9.kh1.co/e8/e83bfc63b508608692fd78f2b0b5947e40555e41.jpeg
နေ့စဉ်သတင်းများ

 ၁၁-စက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

..

ပြည်တွင်းရေး မငြိမ်သက်မှုတွေကြောင့် ပြည်သူတွေမှာ စိုးရိမ်ကြောင့်ကြမှုတွေနဲ့ အထိတ်တလန့်ဖြစ်နေကြရကာ အစစအရာရာဂရုစိုက်နေထိုင်နေရတဲ့ အခြေအနေပဲ ဖြစ်ပါတယ်။

လမ်းသွားလမ်းလာပြည်သူတွေကို အန္တရာယ်ပြုလုယက်တာတွေနဲ့ သတ်ဖြတ်မှုတွေ ကြုံတွေ့နေတဲ့အပြင် အိမ်အတွင်းထိဝင်ရောက်ကာ ခိုးဆိုးလုယက်နေတဲ့ မသမာသူတွေလည်း ရှိနေကြပါတယ်။ 

Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader

ဒီနေ့မှာလည်း ရန်ကုန်တိုင်းဒေသကြီး မြောက်ဒဂုံ(၃၄)ရပ်ကွက်မှာ မနက်(၄)နာရီကျော် ဝန်းကျင်လောက်က မသမာသူလူနှစ်ဦးဟာ ကားမှန်ရိုက်ခွဲပြီး ကားအတွင်းရှိပစ္စည်းတချို့ကို ယူဆောင်ခိုးယူမှု ဖြစ်ပွားခဲ့ပါတယ်။

အမျိုးသားလူနှစ်ဦးဟာ ကားမှန်ရိုက်ခွဲပြီး ပစ္စည်းတချို့ယူဆောင်သွားတဲ့အပြင် အိမ်ခြံတံခါးကိုပါ ရိုက်ဖွင့်ဖို့လည်း ကြိုးစားခဲ့ပေမယ့် ဖွင့်မရခဲ့ဘူးလို့ သိရပါတယ်။ 

Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader

ခြံအပြင်ကနေ အိမ်ထဲကို အခြေအနေလှမ်းကြည့်ပြီး ခြံတံခါးဖျက်ကာ အထဲဝင်ဖို့ကြိုးစားခဲ့ကြတာကို CCTV မှတ်တမ်း ဓာတ်ပုံတွေအရ တွေ့မြင်ရပါတယ်။ 

အဆိုပါဖြစ်စဉ်တွေအပြင် အခြားသော အလားတူဖြစ်ရပ်မျိုးတွေလည်း မကြာခဏဖြစ်ပွားနေတာကြောင့် ပြည်သူတွေအနေနဲ့ လုံခြုံစိတ်ချအောင် အထူးဂရုပြုနေထိုင်ကြဖို့ တိုက်တွန်းလိုက်ပါတယ်နော်။

Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T