သတိမထားမိကြတဲ့ Lisa ရဲ့ Lalisa သီချင်းထဲကအကြောင်းအရာတချို့

//s9.kh1.co/c9/c9a9097662efdb8049dd80e3bff50febe187a541.jpg
အနုပညာရှင်များ

 ၁၁-စက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

ဘယ်လိုအကြောင်းအရာတွေလဲဆိုတာ သိချင်ရင်တော့..... (အပြည့်အစုံဖတ်ရန် ပုံကိုနှိပ်ပါ)

Lisa ဆိုတာနဲ့ Kpop အဖွဲ့ဝင် BLACKPINK ရဲ့

Main Dancer ဆိုတာကို အားလုံးကသိကြပါတယ်။

အက အရမ်းတော်တဲ့အပြင် Rap စာသားတွေသီဆိုတဲ့နေရာမှာလည်း အရမ်းတော်လွန်းတာမို့

ပရိတ်သတ်တွေရဲ့ တခဲနက်အားပေးခြင်းကိုရရှိထားသူဖြစ်ပါတယ်။

Photos Credit from google
Photos Credit from google
Photos Credit from Google
Photos Credit from Google

ယခုနောက်ဆုံးထွက်ရှိလာတဲ့ Solo Debut ဖြစ်တဲ့ LALISA သီချင်း မှာဆိုရင်

ထိုင်းလူမျိူးဖြစ်တဲ့ Lisa ဟာ ထိုင်းလူမျိုးတို့ရဲ့ ရိုးရာဝတ်စုံကို အထူးဆန်းသစ်ပြီး ဝတ်ဆင်ပြသွားတာကိုလည်းပရိတ်သတ်အတော်များများက အလွန်သဘောကျနှစ်သက်နေကြပါတယ်။သူမရဲ့ လူမျိုးကိုရည်ညွှန်းပြသတဲ့ ထိုင်းရိုးရာဝတ်စုံအပြင် ဒီသီချင်းပါအကြောင်းအရာတချို့ဟာ သူမရဲ့ အကြောင်းတွေ အများသား ပါဝင်နေတာကိုတွေ့ရမှာဖြစ်ပါတယ်။

Photo Credit From Google
Photo Credit From Google
Photo Credit From Google
Photo Credit From Google

Teaserက စပြောပါရစေ။Teaser မှာပါတဲ့ မိုးကြိုးပုံစံဟာဆိုရင် သူမရဲ့ မွေးရပ်မြေဖြစ်တဲ့ ထိုင်းနိုင်ငံ ရဲ့မြေပုံဖြစ်နေကြောင်းသတိထားမိကြရဲ့လားရှင့်? 

Photos Credit From Google
Photos Credit From Google
Photos Credit From Google
Photos Credit From Google

နောက်တစ်ခု အနေနဲ့ စျေးတန်းထဲက ဆိုင်းဘုတ်တွေမှာ ရေးထားတဲ့ ဘာသာစကားတိုင်းဟာ သူမ အခြေခံအားဖြင့် တတ်ကျွမ်းတဲ့ဘာသာတွေဖြစ်တဲ့ ထိုင်း၊ကိုးရီးယား၊ဂျပန်၊အင်္ဂလိပ် နဲ့တရုတ် ဘာသာစကားတွေနဲ့စာတန်းထိုးတာဖြစ်ပါတယ်။

Photo Credit From Google
Photo Credit From Google
Photo Credit From Google
Photo Credit From Google

နောက်ဆုံးအချက်အနေနဲ့ သူမဟာ Asian ဖြစ်ပါတယ်ဆိုတာကို Asian တွေသိပ်နှစ်သက်ကြတဲ့ ရွှေနဲ့ ကိုယ်စားပြုပြီးဖော်ပြသွားပါတယ်။Asian Hate များနေကြတဲ့ ခုလိုကာလမှာ Lisa ကတော့ သူမဟာ Asian ဖြစ်ကြောင်း ဂုဏ်ယူဝင့်ကြွားစွာနဲ့ ချပြသွားပါတယ်။ဒီတော့ Lisa ရဲ့ MV လေးကို ကြည့်ပြီးကြပြီလား? မကြည့်ရသေးရင် Youtube မှာသွားရောက်အားပေးလိုက်ကြပါဦးနော်။

Photo Credit From Google
Photo Credit From Google
Photo Credit From Google
Photo Credit From Google
Photo Credit From Google
Photo Credit From Google
Photo Credit From Google
Photo Credit From Google
Photo Credit From Google
Photo Credit From Google
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T