အမေစုကြိုက်နှစ်သက်တဲ့ ခွန်အားဖြည့်မိငယ် သီချင်းလေးကို တညီတညာတည်းသံပြိုင်အော်ဆိုနေကြတဲ့ စစ်ဘေးရှောင်ကလေးငယ်များရဲ့ဗီဒီယို

//s9.kh1.co/af/af1ff36c8dc337e749db4381f54580496fcdb3ec.jpeg
နေ့စဉ်သတင်းများ

 ၁၁-စက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

အမေစုကြိုက်နှစ်သက်တဲ့ ခွန်အားဖြည့်မိငယ် သီချင်းလေးကို တညီတညာတည်းသံပြိုင်အော်ဆိုနေကြတဲ့ စစ်ဘေးရှောင်ကလေးငယ်များရဲ့ဗီဒီယို

စစ်ဘေးရှောင်စခန်းတွေဆီကို ပရဟိတအဖွဲ့အစည်းတွေနဲ့ စေတနာရှင်လူငယ်လေးတွေက သွားရောက်ပြီး လိုအပ်တာတွေကို ထောက်ပံ့ပေးနေတာပဲဖြစ်ပါတယ်။စစ်ဘေးရှောင်ဒေသတွေဆိုတာ သွားရေးလာရေးခက်ခဲပေမယ့်ပစ္စည်းတွေ၊စားစရာတွေကို ကားနဲ့တင်ဆောင်ပြီးလှူပေးနေကြတာဖြစ်ပါတယ်။စစ်ဘေးရှောင်ပြည်သူတွေကလည်း အခုလိုထောက်ပံ့ကူညီပေးမှုတွေကြောင့်သာ အနည်းငယ်အဆင်ပြေပြီး အားတင်းရင်ဆိုင်နေရတာပဲဖြစ်ပါတယ်။

Photo Credit:Clean Yangon’s Fb page
Photo Credit:Clean Yangon’s Fb page
Photo Credit:Clean Yangon’s Fb page
Photo Credit:Clean Yangon’s Fb page

စစ်ဘေးရှောင်စခန်းတွေမှာဆိုရင် ပညာသင်ကြားရမယ့်အရွယ်ရောက်နေတဲ့ ကလေးငယ်တွေအများအပြားရှိတာကြောင့် သူတို့လေးတွေကိုပါ လူငယ်တချို့က စာသင်ပေးကြတာဖြစ်ပါတယ်။ကလေးတွေကလည်း အခြေအနေအရသာ ကျောင်းလွယ်အိတ်လေးလွယ်ပြီး ကျောင်းမတက်ရပေမယ့် တောတောင်ထဲမှာ ကြိုးကြိုးစားစားသင်ယူနေကြတာဖြစ်ပါတယ်။အခုဆိုရင်လည်း စစ်ဘေးရှောင်စခန်းတစ်ခုမှာရှိတဲ့ ကလေးတွေအကုန်လုံးက သီချင်းလေးတစ်ပုဒ်ကိုသီဆိုနေကြတာဖြစ်ပါတယ်။

Photo Credit:Clean Yangon’s Fb page
Photo Credit:Clean Yangon’s Fb page
Photo Credit:Clean Yangon’s Fb page
Photo Credit:Clean Yangon’s Fb page

အဲ့ဒီသီချင်းလေးကတော့ "ခွန်အားဖြည့်မိငယ်" သီချင်းဖြစ်ပြီး အမေစုရဲ့အကြိုက်နှစ်သက်ဆုံး သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။သီချင်းလေးရဲ့စာသားတွေကလည်း ခွန်အားဖြစ်စေပြီး အရာရာကိုအားတင်းရင်ဆိုင်နိုင်စေပါတယ်။ဒါ့ကြောင့် စစ်ဘေးရှောင်ကလေးတွေက သီချင်းလေးကို တညီတညာတည်း သံပြိုင်သီဆိုနေကြတဲ့ဗီဒီယိုကို Clean Yangon အဖွဲ့သားတွေက လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်လာတာကြောင့် ပြည်သူတွေအားလုံးကြည့်လို့ရအောင် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:Clean Yangon’s Fb page
Photo Credit:Clean Yangon’s Fb page
Photo Credit:Clean Yangon’s Fb page
Photo Credit:Clean Yangon’s Fb page

Photo Credit:Clean Yangon’s Fb page

Source&Video Credit:Clean Yangon’s Fb page 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T