ဂေဟာက ကလေးလေးတွေအပေါ်ကိုလည်း မိခင်မေတ္တာအပြည့်နဲ့ဂရုစိုက်ကြင်နာရင်း ကြည်နူးစရာတွေ့မြင်ရတဲ့ ခိုင်နှင်းဝေ

//s9.kh1.co/ca/ca808cbfebdc66fe5b905c9d5b81deeffd588530.jpg
အနုပညာရှင်များ

 ၁၁-စက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

ခိုင်နှင်းဝေရဲ့ဂေဟာမှာ နေထိုင်တဲ့ ကလေးငယ်တွေအကုန်လုံးက မိဘမေတ္တာကိုမရရှိကြတဲ့ ရင်ခွင်မဲ့ကလေးငယ်လေးတွေဖြစ်ကြပေမယ့် ခိုင်နှင်းဝေက မိဘအရင်းပမာ ဂရုစိုက်ကြင်နာပြီး နွေးထွေးမှုအပြည့်ပေးတာကြောင့် ကလေးငယ်လေးတွေအကုန်လုံးဟာ ကျန်းကျန်းမာမာနဲ့ ချစ်စရာကောင်းနေကြတာလည်း ဖြစ်ပါတယ်။ ခိုင်နှင်းဝေရဲ့ မွန်မြတ်လှတဲ့ပရဟိတစိတ်ဓာတ်လေးနဲ့ အလှူအတန်းတွေကြောင့် ပရိသတ်တွေကလည်း သူမကိုလေးစားဂုဏ်ယူနေကြတာဖြစ်ပါတယ်။

Photo credit-Khine Hnin Wai's Facebook acc
Photo credit-Khine Hnin Wai's Facebook acc
Photo credit-Khine Hnin Wai's Facebook acc
Photo credit-Khine Hnin Wai's Facebook acc

ခိုင်နှင်းဝေရဲ့ ချစ်စရာကလေးလေးတွေကြောင့် ပရိသတ်တွေကလည်း အချစ်တွေပိုနေကြပြီး လှူဒါန်းမှုတွေပြုလုပ်ပေးကြသလို ကလေးလေးတွေကလည်း တကယ်ကိုမျက်နှာချိုချိုလေးတွေနဲ့ အရမ်းချစ်စရာကောင်းကြပါတယ် ။ ခိုင်နှင်းဝေရဲ့ မိဘမဲ့ဂေဟာလေးဟာ တဖြည်းဖြည်းနဲ့ ကလေးလေးတွေများလာနေပြီး စွန့်ပစ်ခံထားရတဲ့ကလေးလေးတွေကို ကိုယ်တိုင်ခေါ်ယူမွေးစားကာ အစားအသောက်၊ အနေအထိုင်၊ အ၀တ်အစားတွေကအစ ဂရုတစိုက်နဲ့ ပြုစုစောင့်ရှောက်မှုပေးနေတဲ့ ဂေဟာလေးဖြစ်ပါတယ် ။

Photo credit-Khine Hnin Wai's Facebook acc
Photo credit-Khine Hnin Wai's Facebook acc
Photo credit-Khine Hnin Wai's Facebook acc
Photo credit-Khine Hnin Wai's Facebook acc

အခုအခါမှာဆိုရင်လည်း အလှူရှင်တစ်ဦး လှူဒါန်းပေးတဲ့ ပြောင်းဖူးလေးတွေကိုစားကြရင်း မေမေခိုင်နှင်းဝေနဲ့အတူ ဆော့ကစားနေကြတာလည်းဖြစ်ပါတယ်။ ခိုင်နှင်းဝေတစ်ယောက်လည်း အလှူအတန်းတွေလုပ်ရင်း ကလေးလေးတွေနဲ့ ပျော်နေကာ ဘ၀ကိုအေးအေးချမ်းချမ်းလေးဖြတ်သန်းနေတာဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo credit-Khine Hnin Wai's Facebook acc
Photo credit-Khine Hnin Wai's Facebook acc
Photo credit-Khine Hnin Wai's Facebook acc
Photo credit-Khine Hnin Wai's Facebook acc

သတင်း အရင်းအမြစ်Khine Hnin Wai's Facebook acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T