နွားနို့ခိုးသောက်လို့ ရိုက်နှက်ခံရပြီး ဒဏ်ရာတွေကြောင့် (၁၀)ရက်အကြာမှာ ပျံလွန်တော်မူသွားတဲ့ ကိုရင်လေးတစ်ပါး

//s9.kh1.co/e5/e589fcae21ba2c7eedb34851159989a5d3e65368.jpeg
နေ့စဉ်သတင်းများ

 ၁၁-စက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

..

ရှမ်းပြည်နယ်တောင်ပိုင်း ကျေးသီးမြို့နယ် မိုင်းကောင်ကျေးရွာအုပ်စု မိုင်းကောင်ကျေးရွာရှိ ကိုရင်လေးတစ်ပါး နွားနို့ ခိုးသောက်တာကြောင့် ရိုက်နှက်ခံရပြီးနောက် ပျံလွန်တော်မူသွားတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ဩဂုတ် (၂၄)ရက်နေ့မှာ ကျောင်းရှိကိုရင်လေးတွေဟာ သန့်ရှင်းရေးလုပ်အပြီးမှာ သက်တော် (၉)နှစ်အရွယ် ကိုရင်လေးတစ်ပါးက နွားနို့ခိုးသောက်တာကြောင့် ဦးဇင်းတစ်ပါး ရိုက်နှက်ဆုံးမပြီးနောက် ဒဏ်ရာတွေကြောင့် စက်တင်ဘာ (၃)ရက်နေ့မှာ ပျံလွန်တော်မူသွားတာဖြစ်ပါတယ်။ 

Photo Credit - Original Uploader
Photo Credit - Original Uploader

ကိုရင်လေးဟာ ဆယ်ချက်ကျော် အရိုက်ခံခဲ့ရသလို အရိုက်ခံရပြီးနောက်မှာလည်း ခေါင်းကိုက်ပြီး သုံးလေးရက်အကြာမှာတော့ လေဖြတ်သလိုဖြစ်ကာ ခြေထောက်တွေမလှုပ်နိုင်တော့ဘူးလို့ မိသားစုဝင်တွေက ဆိုပါတယ်။ 

ကိုရင်လေးဟာ အရင်က အတက်ရောဂါအခံရှိသူဖြစ်ပြီး မိဘနှစ်ပါးစလုံးကလည်း ထိုင်းနိုင်ငံမှာရောက်ရှိနေတာ ဖြစ်တယ်လို့ သိရပါတယ်။

Photo Credit - Original Uploader
Photo Credit - Original Uploader

ရိုက်နှက်ခံရပြီးနောက် ပျံလွန်တော်မူသွားတဲ့ ကိုရင်လေးနဲ့ ပတ်သက်ပြီးတော့ ဆရာတော်တွေ၊ ရပ်ရွာဥက္ကဌတွေဟာ ဆွေးနွေးမှုတစ်စုံတစ်ရာ ပြုလုပ်ပေးတာ မရှိသေးဘူးလို့လည်း သိရပါတယ်။ 

ကိုရင်လေးရဲ့ မိသားစုဝင်တွေကတော့ ကိုရင်လေးကို အခုလို ညိုမဲအောင် ရိုက်နှက်ဆုံးမတာကို မဖြစ်သင့်သလို ဆုံးမရင်လည်း အသက်အန္တရာယ်ဖြစ်စေနိုင်မယ့် ပြစ်ဒဏ်မပေးသင့်တဲ့အကြောင်းတွေနဲ့ ရိုက်နှက်ဆုံးမခဲ့တဲ့ ဦးဇင်းဖြစ်သူလည်း ဝန်ခံစေချင်တယ်ဆိုပြီး စိတ်မကောင်းစွာပြောပြထားပါတယ်။

Photo Credit - Original Uploader
Photo Credit - Original Uploader


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T