အာဏာရှင် လူတစ်စုဘက်က မီးရှို့ ဖျက်ဆီးသွားတဲ့ ဂန့်ဂေါနယ် နှမ်းခါးရွာက အိမ်တွေရဲ့ လက်ရှိအခြေအနေကို ဗီဒီယိုရိုက်ကာ ပြသလာတဲ့ PDF ရဲဘော်များ

//s9.kh1.co/18/18bfa78705f9d172dc5d5a9df22676ba68d685f1.jpeg
နေ့စဉ်သတင်းများ

 ၁၁-စက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

........

နိုင်ငံရေးကလည်း မတည်ငြိမ်နိုင်သေးသလို အချို့ နယ်ဘက်တွေမှာဆိုရင် စစ်ဒဏ်ကို အတော်လေး ကြုံတွေ့နေရတာ ဖြစ်ပါတယ် ။ စက်တင်ဘာလ (၁၀) ရက်နေ့မှာဆိုရင်လည်း ဂန့်ဂေါနယ် နှမ်းခါးရွာက ဒေသခံတွေရဲ့ နေအိမ်တွေကို အာဏာရှင် လူတစ်စု ဘက်က မီးရှို့ ဖျက်ဆီးခဲ့တဲ့ သတင်းတွေ ပျံ့နှံ့ခဲ့ပါတယ် ။ တစ်ချို့ အိမ်တွေဆို ပြာကျသည် အထိ ဖြစ်နေလောက်အောင် နေလို့ မရတော့တာတွေ အများကြီးပါပဲ ။

Photo Credit : Original Uploader 
Photo Credit : Original Uploader 
Photo Credit : Original Uploader 
Photo Credit : Original Uploader 

နှမ်းခါးရွာက နေအိမ် အလုံး (၃၀) ထက်မနည်း ပျက်စီး သွားတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ် ။ ဒီလို ရွာထဲ ဝင်ရောက် မွှေနှောက် ဖျက်ဆီးတာလည်း အနည်းဆုံး ခြောက်ကြိမ်လောက်ရှိနေပြီလို့ သိရပါတယ် ။ ဒေသခံတွေလည်း လွတ်မြောက်ရာ နေရာတွေကို ထွက်ပြေး တိမ်းရှောင် ခဲ့ရတယ်လို့ ရေးသားထားပါသေးတယ် ။ ဒါ့အပြင် အပြစ်မဲ့ ပြည်သူ (၁၅) ဦးလည်း ကျဆုံး ခဲ့တယ်လို့ သိရတာ စိတ်မကောင်းစရာပါပဲ ။

Photo Credit : Original Uploader 
Photo Credit : Original Uploader 
Photo Credit : Original Uploader 
Photo Credit : Original Uploader 

အခုလည်း PDF လူငယ်လေးတွေက အာဏာရှင် လူတစ်စု မီးရှို့ ဖျက်ဆီးသွားတဲ့ ဂန့်ဂေါနယ် နှမ်းခါးရွာက အိမ်တွေရဲ့ အခြေအနေကို ဗီဒီယိုရိုက်ကာ ဝေမျှလာပါတယ် ။ ဗီဒီယိုထဲမှာ ပြာကျသည်အထိ ပျက်စီးနေတဲ့ မြင်ကွင်းတွေက တကယ်ကြေကွဲစရာတွေပါ ။ တစ်ချို့ အိမ်တွေဆို မီးစတွေတောင် ကျန်နေသေးတာကို ဗီဒီယိုထဲမှာ တွေ့ရမှာပါ ။ ပရိသတ်ကြီး အတွက် နှမ်းခါးရွာက အခြေအနေတွေကို ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။

Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T