မြညိုအနေနဲ့ ပရိသတ်တွေအသိအမှတ်ပြုခံရအောင် မြေတောင်မြှောက်ပေးခဲ့တဲ့ ဆရာကို ဂါရ၀ပြု သွားရောက်ကန်တော့ခဲ့တဲ့ မြတ်သူသူ

//s9.kh1.co/23/237803455a7305df680fff280353e4555047cb58.jpg
အနုပညာရှင်များ

 ၁၀-စက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

မင်းသမီး မြတ်သူသူကတော့ "ပျားရည်အိုင်" ဇာတ်လမ်းတွဲနဲ့ ပရိသတ်တွေကြားမှာ တစ်ဖန်ပြန်လည်ပြီး အောင်မြင်မှုတွေရရှိနေတာဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်နှစ်က ထုတ်လွှင့်ပြသခဲ့ဖူးတဲ့ "ပျားရည်အိုင်" ဇာတ်လမ်းတွဲက အခုလက်ရှိမှာ နောင်တစ်ကြိမ် ပြန်လည်ပြသနေတာ ဖြစ်ပြီး အိမ်ထောင်ရေးပညာပေးဇာတ်လမ်းလည်း ဖြစ်တာကြောင့် ပရိသတ်တွေကြားမှာ ရေပန်းစားနေတာပဲဖြစ်ပါတယ်.....။

Photo credit-​ Myat Thu Thu-မြတ်သူသူ's FB Page
Photo credit-​ Myat Thu Thu-မြတ်သူသူ's FB Page

မြတ်သူသူဟာ ဒီဇာတ်လမ်းတွဲထဲမှာဆိုရင် မြညိုအနေနဲ့ ပါ၀င်သရုပ်ဆောင်ထားပြီး မေမီကိုကို၊ အောင်ရေချမ်း‌တို့နဲ့အတူ ပါ၀င်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ မြတ်သူသူဟာ ယောက်ျားဖြစ်သူရဲ့စွန့်ပစ်ခြင်းခံရတဲ့ ဇာတ်ရုပ်နေရာကနေ ပီပီပြင်ပြင် သရုပ်ဆောင်ခဲ့တာဖြစ်ပြီး ပရိသတ်တွေလည်း ဒီဇာတ်၀င်ခန်းတွေကြောင့် အားမလိုအားမရတွေဖြစ်ကာ ဇာတ်ရှိန်တက်ခဲ့ကြတာဖြစ်ပါတယ်။

Photo credit-​ Myat Thu Thu-မြတ်သူသူ's FB Page
Photo credit-​ Myat Thu Thu-မြတ်သူသူ's FB Page
Photo credit-​ Myat Thu Thu-မြတ်သူသူ's FB Page
Photo credit-​ Myat Thu Thu-မြတ်သူသူ's FB Page

ပျားရည်အိုင်ဇာတ်လမ်းတွဲဟာ ဆရာမ ခင်နှင်းယုရဲ့ ၀တ္ထုကောင်းတစ်ပုဒ်ဖြစ်ပြီး ဒါရိုက်တာ ဟိန်းစိုးက ပုံဖော်ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီနေ့မှာတော့ မြတ်သူသူဟာ မြညိုအဖြစ်ပရိသတ်လက်ခံအောင် မြေတောင်မြှောက်ပေးခဲ့တဲ့ ဆရာဟိန်းစိုးကို အိမ်ထိသွားရောက်ဂါရ၀ပြုခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo credit-​ Myat Thu Thu-မြတ်သူသူ's FB Page
Photo credit-​ Myat Thu Thu-မြတ်သူသူ's FB Page

သတင်း အရင်းအမြစ်Myat Thu Thu-မြတ်သူသူ's FB Page

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T