ကျေးရွာအထဲကို စစ်ကားတွေနဲ့ ဝင်ရောက်လာခဲ့လို့ အထုပ်အပိုးတွေသယ်ပြီး ရွာထဲကနေ မိသားစုလိုက် ထွက်ပြေးခဲ့ကြတဲ့ ပြည်သူတွေရဲ့ ရုပ်သံဖိုင်

//s9.kh1.co/56/56a8fea975386b822760e0a44ff928d798b041e9.jpg
နေ့စဉ်သတင်းများ

 ၁၀-စက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

ဖေဖော်ဝါရီ(၁)ရက်ကနေစတင်ပြီး ပြည်သူတွေကတော့ အာဏာရှင်လူတစ်စုရဲ့ ဖိနှိပ်မှုတွေကို အလူးအလဲ ခံစားခဲ့ရရှာပါတယ်။ဒါ့အပြင် တိုက်ပွဲဖြစ်ပွားမှုတွေကလည်း ယခုနောက်ပိုင်းမှာ ပိုမိုဖြစ်ပွားလာခဲ့သလို စစ်ဘေးရှောင်ပြည်သူတွေကလည်း သိန်းနဲ့ချီ ရှိလာခဲ့ပါတယ်။ ယခုမှာလည်း စိတ်မကောင်းစရာ ဗီဒီယိုဖိုင်တစ်ခုဟာ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့လာတာ တွေ့ရပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

ဒါကတော့ ဒီကနေ့ မနက်ပိုင်းလောက်မှာ မကွေး၊ စစ်ကိုင်း၊ မန္တလေးတိုင်းများနှင့် ထိစပ်နေတဲ့ ဧရာဝတီနှင့် ချင်းတွင်းမြစ်ဆုံရာ ရေလယ်ကျွန်းပေါ်ရှိ ကျေးရွာများတွေမှာ အာဏာရှင်လက်အောက်ခံတပ်များက ဝင်ရောက်လာခဲ့တာကြောင့် ကျေးရွာအတွင်းက ပြည်သူများဟာ မနေရဲတော့ဘဲ ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ကြတာ ဖြစ်ပါတယ်။ ထွက်ပြေးလာတဲ့ ပြည်သူတွေထဲမှာ အမျိုးသမီးများနှင့် ကလေးသူငယ်များလည်း ပါဝင်တာ တွေ့ရပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload

ကြားသိရတဲ့ သတင်းများအရ ရွာသားတွေ ထွက်ပြေးနေချိန်မှာလည်း လူမရှိတော့တဲ့ နေအိမ်များမှ တန်ဖိုးရှိပစ္စည်းများအား ၎င်းတို့က ယူဆောင်သွားကြတာရှိသလို ကျေးရွာအတွင်း သွယ်တန်းထားတဲ့ လျှပ်စစ်မီးကြိုးများကိုလည်း ဖြတ်တောက်သွားခဲ့ကြောင်း သိရပါတယ်။ ယမန်နေ့ကလည်း အဆိုပါကျေးရွာနဲ့ ထိစပ်နေတဲ့ မကွေးမြို့နယ်အတွင်းမှာ ဒေသခံပြည်သူ့ကာကွယ်ရေး PDF တွေနဲ့ ထိတွေ့တိုက်ပွဲတွေဖြစ်ပြီး အကျအဆုံး အများအပြားလည်း ရှိခဲ့ပါတယ်။ ဒီလိုတိုက်ပွဲတွေကြောင့် အနီးအနားရှိ ကျေးရွာတွေကို အာဏာရှင်တပ်တွေက ဝင်ရောက်ရှာဖွေမှုတွေ ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

သတင်း အရင်းအမြစ်Source - Original Upload

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T