သူမထက် အသက် ၃၇ နှစ်လောက်ငယ်တဲ့ အရမ်းချစ်ရတဲ့သူလေးနဲ့ လက်ထပ်ခဲ့ပြီဖြစ်တဲ့ အဘွား Cheryl

//s9.kh1.co/20/20b79c83964d9170dccbc69a43a08e2eefbae08b.jpg
နေ့စဉ်သတင်းများ

 ၁၀-စက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

အသက် ၂၄ နှစ်အရွယ် Quran McCain နဲ့အသက် ၆၁ နှစ်အရွယ် Cheryl McGregor တို့ဟာ ​လှောင်ပြောင်စနောက်မှုတွေကို ဖယ်ထုတ်ပီး အချစ်ကိုရှေ့တန်းတင်ကာ လက်ထပ်ထိမ်းမြားခဲ့ကြပါတယ်။

သူတို့နှစ်ဦးဟာ Quran အသက် 15 နှစ်လောက်က ပထမဆုံးအကြိမ် စတင်​တွေ့ဆုံခဲ့ကြတာဖြစ်ပြီး Quran အသက် 23 နှစ်လောက်အရောက်မှာတော့ ပိုပြီးရင်းနှီးတဲ့ အခြေအနေတစ်ခုကို ရောက်လာခဲ့တာပါ။

https://s9.kh1.co/__image/w=650,h=650,q=100/27/27dcc100b755b63ac8f2644775266b9d4c155001.webp

အဲ့ဒီနောက် မှာတော့ သူတို့နှစ်ဦးဟာ စကားတွေပြောကြ tik tok မှာလည်းဗီဒီယိုတွေ အတူတင်ရင်းကနေ  2021 ခုနှစ် April လလောက်မှာ ချစ်သူတွေ​ဖြစ်လာခဲ့ကြပါတယ်။

ချစ်သူတွေဖြစ်လာရင်းနဲ့ ပြီးခဲ့တဲ့ July လ 31 ရက်နေ့က Quran ဟာ Olive Garden စားသောက်ဆိုင်မှာ $3,000 လောက်တန်ကြေးရှိတဲ့ လက်စွပ်နဲ့ လက်ထပ်ခွင့်တောင်းခဲ့ပါတယ်။

လက်ထပ်ခွင့်တောင်းတုန်းကလည်း Cheryl ဟာအရမ်းအံ့သြသွားခဲ့ပြီး တော်တော်လေးကိုပျော်ရွှင်ခဲ့ရပါတယ်လို့သိရပါတယ်။

https://s9.kh1.co/__image/w=583,h=362,q=100/f9/f9c9dcc2eb5ee76b3d1838fa828bf12c1ecf658d.jpg
https://s9.kh1.co/__image/w=650,h=350,q=100/54/54ec651dd4b5db9301a2f183157aba6ec2d4ed76.jpg

အဲ့ဒီနောက် September လ 3 ရက်နေ့မှာတော့ သူတို့နှစ်ဦးဟာ လက်ထပ်ခဲ့ကြပြီး သူတို့ရဲ့လက်ထပ်ပွဲဗီဒီယိုလေးတွေကိုလည်း tiktok က fan တွေအတွက် မျှဝေပေးခဲ့ကြပါတယ်။

လူတွေဟာ သူတို့ရဲ့ 37 နှစ်လောက်အသက်ကွာဟမှုကို ​လှောင်ပြောင် စနောက်မှုတွေ ရှိခဲ့ပေမယ့်လည်း ဂရုမစိုက်ခဲ့သလို သူတို့နှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် မဖော်ပြတတ်လောက်အောင်ကို ချစ်ကြတယ်လို့လည်း ပြောဆိုထားပါသေးတယ်။

ဒါ့အပြင် Quran ဟာ သူ့ထက် အသက် 37 နှစ်ကြီးတဲ့ ချစ်ဇနီး Cheryl ကို "သူမဟာ ချောမောတယ် ၊ ပြေပြစ်လှပတယ် ၊ သန်မာတယ် ၊ မြင့်မြတ်တယ် ၊ ရိုးလည်းရိုးသားတယ်" လို့ ချစ်ခွန်းသီတဲ့စကားလုံးတွေနဲ့လည်း ချီးကျူးထားပါသေးတယ်......

https://s9.kh1.co/__image/w=650,h=867,q=100/0e/0e6dd8a2e69b20f75e9062d7ae3ac4e35e7579b2.webp
https://s9.kh1.co/__image/w=650,h=650,q=100/e5/e516f26d1e0817490c0efe88e5a9c6918daca25d.jpg

သတင်း အရင်းအမြစ်The Sun

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T