စစ်ဘေးရှောင်နေစဉ် ပညာရေးအတွက်မနှောင့်နှေးရအောင်လို့ ရောက်တဲ့နေရာမှာ ကြိုးကြိုးစားစားသင်ယူနေကြတဲ့ စစ်ဘေးရှောင်ကလေးငယ်များ

//s9.kh1.co/f6/f6b7dc1386c9396845cf5b0d31cbf9bfd9495fde.jpeg
နေ့စဉ်သတင်းများ

 ၁၀-စက်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

စစ်ဘေးရှောင်နေစဉ် ပညာရေးအတွက်မနှောင့်နှေးရအောင်လို့ ရောက်တဲ့နေရာမှာ ကြိုးကြိုးစားစားသင်ယူနေကြတဲ့ စစ်ဘေးရှောင်ကလေးငယ်များ

ပြည်သူလူထုကတော့ စစ်ဘေးရှောင်နေရတဲ့ပြည်သူတွေကိုလည်း ကိုယ်ချင်းစာနာပြီး တတ်နိုင်သလောက်ကူညီပေးကြတာဖြစ်ပါတယ်။မြန်မာပြည်တွင်းမှာတော့ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက တိုက်ပွဲတွေဖြစ်ပွါးခဲ့တာကြောင့် တချို့တိုင်းရင်းသားတွေခမျာ နေရပ်ကိုစွန့်ခွါပြီး တောတောင်ထဲမှာရှောင်တိမ်းနေရတာဖြစ်ပါတယ်။ဖေဖော်ဝါရီလ (၁)ရက်နေ့ကနေ ယနေ့အချိန်ထိလည်း တချို့ပြည်သူတွေက စစ်ဘေးရှောင်နေရဆဲဖြစ်ပါတယ်။

Photo Credit:Karenni’s Fb page
Photo Credit:Karenni’s Fb page
Photo Credit:Karenni’s Fb page
Photo Credit:Karenni’s Fb page

စစ်ဘေးရှောင်ပြည်သူတွေက တောတောင်ထဲမှာ နေထိုင်စားသောက်မှုအဆင်မပြေပေမယ့်လည်း ခက်ခက်ခဲခဲရှင်သန်နေရတာဖြစ်ပါတယ်။သက်ကြီးရွယ်အိုအဘိုး၊အဘွားတွေဆိုရင် အသက်အရွယ်နဲ့မမျှအောင် ဒုက္ခတွေခံစားနေရပြီး မကျန်းမာခဲ့ရင်တောင် ဆေးကုသစရာလည်းမရှိတာပဲဖြစ်ပါတယ်။ကလေးငယ်တွေဆိုရင်လည်းပညာသင်ကြားပြီး ပျော်ပျော်ရွှင်ရွှင်ဆော့ကစားနေရမယ့်အရွယ်မှာ မိဘလက်ကိုဆွဲပြီး ရှောင်တိမ်းနေထိုင်နေခဲ့ရတာဖြစ်ပါတယ်။

Photo Credit:Karenni’s Fb page
Photo Credit:Karenni’s Fb page
Photo Credit:Karenni’s Fb page
Photo Credit:Karenni’s Fb page
Photo Credit:Karenni’s Fb page
Photo Credit:Karenni’s Fb page

အခုဆိုရင်တော့ ကရင်နီပြည်နယ်က စစ်ဘေးရှောင်စခန်းတစ်ခုမှာ ကလေးငယ်လေးတွေ ပညာသင်ကြားနေကြတာပဲဖြစ်ပါတယ်။ထွက်ပြေးတိမ်းရှောင်နေရလို့ ပညာတွေမနှောင့်နှေးရအောင် စေတနာရှင်ဆရာ၊ဆရာမတွေကလည်းမေတ္တာနဲ့သင်ကြားပေးကြတာဖြစ်ပါတယ်။ရောက်တဲ့နေရာမှာ ပညာကိုကြိုးကြိုးစားစားသင်ယူနေကြတဲ့ စစ်ဘေးရှောင်ကလေးငယ်တွေရဲ့ချစ်စရာပုံရိပ်လေးတချို့ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:Karenni’s Fb page
Photo Credit:Karenni’s Fb page
Photo Credit:Karenni’s Fb page
Photo Credit:Karenni’s Fb page

Source&Photo Credit:Karenni’s Fb page

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T