ထိုင်းနိုင်ငံက အဝတ်လျှော်ဖွပ်ပေးတဲ့ ဆိုင်တစ်ဆိုင်မှာ အခြောက်ခံထားတဲ့ စက်အတွင်းကနေ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တဲ့ ထိပ်လန့်ဖွယ် ရုပ်သံဖိုင်

//s9.kh1.co/f0/f0509c013a20c018d7db37bf31dd182c805bb71f.jpg
နေ့စဉ်သတင်းများ

 ၁၀-စက်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ ရက်ပိုင်းလောက်က အဝတ်လျှော်စက်အတွင်းကနေ မီးလောင်မှုဖြစ်ခဲ့တဲ့ ရုပ်သံဖိုင်တစ်ခုဟာ ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့သွားခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ Chaiyaphum ပြည်နယ်၊ Nai Mueang ခရိုင်၊ အကြွေစေ့လျှော်စက်အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။ အဆိုပါဆိုင်ဟာ အဝတ်များကို လျှော်ဖွပ်ပေးခြင်းများ လုပ်ကိုင်ပေးနေတဲ့ နာမည်ကြီး ဆိုင်တစ်ဆိုင်ပဲ ဖြစ်ပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload

လူမှုကွန်ယက်မှာ ပျံ့နှံ့သွားခဲ့တဲ့ ရုပ်သံဖိုင်မှာတော့ အဝတ်များကို လျှော်ဖွပ်ပေးပြီး အခြောက်ခံနေစဥ်အတွင်း စက်ထဲကနေ ရုတ်တရက်ဆိုသလို မီးထလောင်ကျွမ်းခဲ့တာ ဖြစ်ပါတယ်။ ဆိုင်ရှင်များကတော့ မီးလောင်နေတဲ့ အခြောက်ခံစက်ကို အလျင်အမြန် မီးငြိမ်းသတ်ခဲ့ပြီး အဝတ်တွေကတော့ လောင်ကျွမ်းသွားခဲ့ပါတယ်။ အဆိုပါ အဝတ်လျှော်စက် မီးလောက်ရသည့်အကြောင်းရင်းမှာအ၀တ်အမျိုးအစား မှားယွင်းစွာအသုံးပြုခြင်းကြောင့်ဖြစ်တယ်လို့လည်း နိုင်ငံမီဒီယာတွေက ဖော်ပြထားပါတယ် ။

Photo Credit - Original Upload
Photo Credit - Original Upload

တချို့ပြည်သူတွေကတော့ ဓာတ်အားအလွန်မြင့်မားသောကြောင့် မီးလောင်ရခြင်းဖြစ်တယ်လို့လည်း မှတ်ချက်ပြုခဲ့ကြပါတယ်။ အဝတ်လျှော်စက်မီးလောင်ရတာနဲ့ ပတ်သက်တဲ့ အတွေ့အကြုံတွေကိုလည်း ဆိုင်ရှင်နှစ်ယောက်က အိမ်ရှင်မတွေကို သတိပေး ပြောပြခဲ့ကြတယ်လို့ သိရပါတယ်။ ဒီဗီဒီယိုလေးကိုကြည့်ပြီး ပရိသတ်တွေလည်း သတိထားစေဖို့အတွက် ဗဟုသုတအနေနဲ့ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

သတင်း အရင်းအမြစ်Source - Original Upload

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T